27

147 25 6
                                    

ကျောင်းရှေ့ ဆန္ဒပြနေသူများကြောင့် ကျောင်း၀င်းထဲ၀င်ရန်ပြင်နေသော သူတို့မှာတောင် မ၀င်ရဲဘဲ ရှိနေရသည်။ ရဲနဲ့ပေါင်အန်းတွေလဲ ထိန်းမနိုင်ဘဲ ဒီလူအုပ်ကြီးကို ဖြိုခွဲဖို့ရာအတွက် အခက်တွေ့လျက်ရှိနေ၏။

ဒီကျောင်းတွင်တက်နေသော ကျောင်းသားမိဘများက မုဒိန်းမူအထိ ကျူးလွန်ထားပါသော ရာဇ၀တ်သားတက်ရောက်နေသည့် ကျောင်းသားကို ကျောင်းမှထုတ်ခွင့်ပေးရန်နှင့် နစ်နာခဲ့သော ကျောင်းသားများအတွက် တရားဆွဲဆိုပေးပါရန် ကျောင်းအုပ်ကြီးကို ဆန္ဒပြနေကြတာမို့ ဂျွန်ဂယူတို့မှာ အဝေးကနေ အခြေအနေကို ရပ်ကြည့်နေရသည်။

"ဒီပုံစံအတိုင်းဆို ကျောင်းပိတ်ရမယ့်သဘောရှိနေပြီထင်တယ်.."

ပတ်ဂျီဟွန်းက သူ့လက်ဖဝါးကို ဆုပ်ကိုင်ထားရင်းနဲ့ ဖြစ်နိုင်ချေရှိတာကို ပြောလာသည်မို့ ဂျွန်ဂ
ယူလဲ ခေါင်းငြိတ်ပြလိုက်ကာ...

"ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျောင်းပိတ်ရင်တော့ ပျော်စရာကြီး အဟိ!"

ကောင်းသော ကျောင်းပိတ်ရခြင်းမဟုတ်တာကို ရယ်သံပါထွက်၍ပျော်နေပုံရ‌သော ဂျွန်ဂယူကြောင့် ဂျီဟွန်းမှာ မအံ့ဩဘဲမနေနိုင်..

လူအုပ်ကြီးကလဲ ကျောင်းအုပ်ကြီးကို ထွက်လာ၍ ဖြေရှင်းရန် တောင်းဆိုနေဆဲဖြစ်တာမို့ ဂျီဟွန်းသက်ပြင်းချလိုက်ရင်း...

"ငါတို့တစ်နေရာရာသွားကြမလား အချစ်လေး...
ကျောင်းထဲ ၀င်မရမယ့်အတူတူ.."

"သွားမယ်လေ..မင်း ဘယ်သွားချင်လဲ?"

"ငါလား? ငါက မင်းသဘောပဲ.."

ဂျွန်ဂယူသည် အတန်ငယ်စဉ်းစားလျက်..

"ရေကူးသင်ပေးမလားဂျီဟွန်း.. ငါတို့ ရေကူးသွားသင်ကြမယ်လေ.."

အခုချိန်ထိ ရေမကူးတတ်သေးတဲ့ ဂျွန်ဂယူဟာ ရေနဲ့ပက်သက်ရင် စိတ်၀င်စားခြင်းမရှိတာမို့ အခုမှ ထူးဆန်းစွာ ရေကူးသင်ဖို့ကို တောင်းဆိုလာသည်ကို ဂျီဟွန်းဘက်ကလဲ ငြင်းပယ်စရာအကြောင်းမရှိပေ...ထိုမှသည် သူတို့နှစ်ယောက်သား ရေကူးကန်ဆီသို့ရောက်ရှိသွားကာ ဗိုက်မှာကြွက်သားအပြည့်ဖြင့် ရေကူးဘောင်းဘီတစ်ထည်သာ၀တ်ထားသော ဂျီဟွန်းနဲ့ သူနဲ့မတူစွာ ဂျွန်ဂယူကတော့ခါးမှာ ဘဲရုပ်ပုံဘောကွင်းစွပ်လျက်သားနဲ့ဖြစ်သည်။ ထုံးစံအတိုင်းဒီပုံစံကို ဂျီဟွန်းမှ မဘူလီရင် ဘူလီမယ့်သူ မရှိတော့ဘူးမလားလေ..

Tom& Jerry's SoulmateWhere stories live. Discover now