ဂျွန်ဂယူ ,ဂျီဟွန်းနဲ့အတူ စကားပြောရင်း ကျောင်းကိုလာနေချိန် စာသင်ခန်းနားအရောက်မှာ ဂျယ်ဟော့ နဲ့ တည့်တည့်တိုးတော့တာမို့ခေါင်းကို ငုံ့လိုက်ကာ ရှောင်သွားရန်ပြင်လိုက်ပေမယ့် ဂျယ်ဟော့က အရှေ့ကနေ ပိတ်ရပ်ပြီး...
"ဟို...ဂျွန်ဂယူ.."
ဂျွန်ဂယူ ဟိုဘက် ဒီဘက်ရှောင် မရအောင် လိုက်ပိတ်ရပ်နေတာ မို့ဂျီဟွန်းမှာ ကြားထဲကနေ မနေသာတော့ဘဲ...
"ဘာပြောမလို့လဲ ဂျယ်ဟော့ကီ.."
"အဆင်ပြေရဲ့လားမေးမလို့ပါ...တောင်းလဲ တောင်းပန်ချင်လို့..."
ခေါင်းကိုငုံ့ထားတဲ့ ဂျွန်ဂယူကို ကြည့်လိုက်တော့ ဘာမှ မပြောလာတာမို့...ဂျီဟွန်းကပဲကြားထဲကနေ...
"ပြေမှာပါ...အခုတော့ ဒီအတိုင်း လွှတ်ထားလိုက်.."
"အင်း.."
ဂျွန်ဂယူ စာသင်ခန်းထဲ အမြန်၀င်လာလိုက်ကာနေရာမှာဝင်ထိုင်လိုက်ပြီး ဂျီဟွန်းကလဲ သူ့နေရာသူ၀င်ထိုင်လိုက်စဉ် ...
အငယ်ဆုံး ဂျောင်ဟွမ်းဟာ မကျေမနပ်ဖြင့် ဂျီဟွန်းကို တိုင်တော့သည်။ဘယ်ကတည်းက မကျေနပ်နေသည် မသိ...ကလေးက အတော်လေးစူပုတ်နေသည်။
"အတန်းခေါင်းဆောင် သိလား? ဒိုယောင်းက သန့်ရှင်းရေးကျတာကိုလေ..စောစောမလာဘူး
ကျောင်းကို နောက်ကျမှ လာတာ..ကျွန်တော်နဲ့ ဂျောင်ဝူးပဲ တစ်ခန်းလုံးသန့်ရှင်းရေးလုပ်ရတာ""ဟုတ်လား? ကင်ဒိုယောင်း သန့်ရှင်းရေးနေ့ဆို စောစော လာရမယ်လေ မသိဘူးလား? "
"မေ့နေလို့ပါ အတန်းခေါင်းဆောင်ရယ်...နောက်တစ်ပတ် အစား ပြန်ရှင်းပေးပါ့မယ်.."
"နောက်မဖြစ်စေနဲ့နော်..အငယ် လေးတွေ သနားပါတယ်.. မင်းက အကြီးဖြစ်ပြီး ကလေးတွေကို
ညှာရမယ်လေ..နော်..""ဟုတ်..."
"အတန်းခေါင်းဆောင်..အတန်းခေါင်းဆောင် ကျန်သေးတယ်...အစ်ကိုဂျွန်ဂယူ လဲ မလာဘူးလေ..နောက်ကျမှ လာတာ ...သူလဲ စောစောလာရမှာလေ.."
"အင်.."
ဂျီဟွန်း အင် ခနဲ ဖြစ်သွားကာ ဂျွန်ဂယူ ကိုလှည့်ကြည့်လိုက်တော့ ဂျွန်ဂယူ က မဆူခင်ကပင် မျက်မှောင်ကုတ်ထားပြီး ဖြစ်သည်။