"ဘာ!"
"လန့်လိုက်တာကွာ! ဘာဖြစ်တာလဲ?"
"အတန်းခေါင်းဆောင်က မင်းကို ရှိုးပွဲလိုက်ပြတာပေါ့ဟုတ်လား?"
"အင်းလေ..."
ယဲဒမ်သည် နှုတ်ခမ်းတွေပါးတွေ ရွဲ့ပစ်လိုက်ကာ...
"ငါထင်တဲ့အတိုင်းပဲ..အတန်းခေါင်းဆောင်က မရိုးပါဘူးဆို..ပြီးတော့ ဘာတဲ့! ယဲဒမ်က မင်းကိုကာကွယ်ပေးနိုင်လို့လားတဲ့ လား? အဟက်.. သူချော့ချင်ရင် ချော့ချင်တယ်မပြောဘူး...ငါကမင်းကို ကိုက်စားမှာမို့လို့လား"
"အဲ့ဒါက"
"ဒါကြောင့် မနေ့က တိုးတိုး တိုးတိုးနဲ့ ငါ့ကို လာမေးတာကို ရှိုးပွဲရှိသေးလားဆိုပြီး! "
"အင်း..ဟုတ်.."
"တကယ်ဆို မင်းထက်ငါက လီမင်ဖြိုကို ကြိုက်တဲ့သူပါနော်..ငါကျ သူဆူမှာစိုးလို့ သွားမကြည့်လိုက်ရဘဲ အံမယ် မင်းကိုကျ သူကိုယ်တိုင်ကတောင် လိုက်ပြလိုက်သေးတယ်.."
ရှိုးပွဲ မသွားလိုက်ရခြင်းကို လက်သီးလက်မောင်းပါ တန်းပြီး ဒေါသထွက်နေပါသော ယဲဒမ်ကြောင့် ဂျွန်ဂယူပါ မျက်လွှာလေးချပြီး ငြိမ်နေရသည်။မဆီမဆိုင်ပင် ယဲဒမ်၏ ဒေါသတွေက သူ့အ ပေါ်ပုံကျနေသလိုပင် ခံစားနေရပါသေးသည်။
"ဂျွန်ဂယူ.. အတန်းပိုင်ဆရာက မင်းကိုခေါ်နေတယ်..."
"အေးအေး သွားလိုက်မယ်"
ယွန်းဂျယ်ဟော့ စကားကြောင့် အခုမှ ကူကယ်ရာသွားသူလို ဂျွန်ဂယူ ရုံးခန်းထဲ လှစ်ခနဲပြေးသွားလိုက်တော့သည်။
"ဆရာ..ကျွန်တော့်ကိုခေါ်တယ်ဆိုလို့.."
ဂျွန်ဂယူ အသံတိုးတိုးဖြင့် သူရောက်ရှိနေပြီ ဖြစ်ကြောင်းကို အသိပေးလိုက်ရသည်။ ဆရာက
သူ့ကို မော့ကြည့်လာပြီး.."ဪ..အေး..အခြားတော့ မဟုတ်ပါဘူး..ဂျောင်ဝူးက ငါးရက်လောက် အီဆန်ကို ပြန်မလို့တဲ့ ခွင့်လာတိုင်သွားတယ်.."
"အာ .ဟုတ် ..ကြားမိတယ်..သူ့အမေ နေမကောင်းလို့တဲ့?"
ဂျွန်ဂယူ အလိုက်သင့်လေးပြန်ဖြေပေမယ့် ဂျောင်ဝူးသူ့ မွေးရပ်မြေကို ပြန်ရခြင်းက ဂျွန်ဂယူကို အထူးတလည်ခေါ်ယူခြင်းနဲ့ဘာများ ပက်သက်နေလဲ ဟု တစ်လစထဲ တွေးနေရသည်။