"မနက်ဖြန် ငါတို့အငယ်ဆုံးမွေးနေ့ပဲ.."
"ကိတ်က ငါလုပ်ပေးမှာနော်.."
ကိတ်ကို တစ်ခါထဲ စပွန်ဆာယူနေသော ဒိုယောင်းက မွေးနေ့လက်ဆောင်ကို ဘာမှထွေ ထွေထူးထူးမစဉ်းစားချင်လို့ပဲ ဖြစ်သည်။ကျန်တဲ့သူတွေကလဲ တစ်ယောက်တစ်ပေါက်ဆီ မွေးနေ့လက်ဆောင်ကို စဉ်းစားနေကြပေမယ့် ဘာသံမှ ထွက်မလာသည်က ဂျွန်ဂယူ ပဲဖြစ်သည်။
"ရား..ဂျွန်ဂယူ မင်းရော ဂျောင်ဟွမ်းနီးကိုဘာပေးမှာလဲ.."
"ဟို..ငါမစဉ်းစားရသေးဘူး.."
ဂျောင်ဟွမ်းမလာခင် အကြိတ်အနယ်တိုင်ပင်ဆွေးနွေးနေကြသူများထဲ မသိမသာလေး ငြိမ်နေသူက ဂျွန်ဂယူ တစ်ယောက်သာရှိသည်။
ထိုသို့ငြိမ်နေရခြင်းအကြောင်းအရင်းကတော့ တစ်ခုထဲပင်..ပိုက်ဆံမရှိလို့ပဲ ဖြစ်၏။နေမကောင်းတုန်းက စိုက်ပေးထားတဲ့ ဂျီဟွန်းပိုက်ဆံတွေတောင် တစ်ပြားမှ ပြန်မပေးရသေးဘူး...မွေးနေ့လက်ဆောင်က ဘယ်ကဘယ်လိုရှာ ပေးရမှန်းပင်မသိ...ဂျွန်ဂယူ ခေါင်းတွေရှုပ်ကာ ဆံပင်တွေကြားထဲ လက်ချောင်းတွေနဲ့ ထိုးဖွလိုက်မိ၏။
ထိုစဉ် ဂျောင်ဟွမ်းရောက်လာသဖြင့် မွေးနေ့အတွက် တိုင်ပင်နေမူများ တိတ်ကျသွားကာ ယဲဒမ်က ထ၍အရွှန်းဖောက်ပြန်သည်။
"ဟေ့..မနက်ဖြန် ဘာကျွေးမှာလဲ?"
"မနက်ဖြန်က ဘာနေ့မို့လို့လဲ?"
ဂျောင်ဟွမ်းသည် မသိချင်ယောင်ဆောင်ကာ မေးလိုက်တော့ ယဲဒမ်က ရှုံ့မဲ့ပြလာပြီး ..
"ရား..ငါမွေးနေ့တုန်းက တစ်၀တစ်ပြဲ စားသွားတဲ့ မင်းက မနက်ဖြန် မင်းမွေးနေ့ဆိုတာ မသိချင်ယောင်ဆောင်နေတာမလား?"
"ဟဲဟဲ..အစ်ကိုကလဲ! စတာပါ..မနက်ဖြန် အတွက်အားလုံးစီစဉ်ထားပြီးသား.. အဆောင် ခေါင်မိုးထပ်မှာ ကျွန်တော်တို့ ပါတီလေး လုပ်ကြမယ်လေ..ကောင်းတယ်မလား?"
"ဆိုဂျုရော ပါမှာလား?"
"မက်ကောလီ ပါ ပါတယ်.."
"ရေး...ငါတို့ဂျောင်ဟွမ်းနီး အကောင်းဆုံးပဲ.."
အသံတွေ တစ်ညီတည်းထွက်လာပြီးနောက် မနက်ဖြန်အတွက်ကြိုတင်မျှော်လင့်နေကြတော့သည်။ အဲ့လိုနေ့မျိုးမှသာ သူတို့ဗိုက်ကိုခွေးနမ်းရမည့်နေ့မဟုတ်လားလေ...