"ဘာ!"
ဂျွန်ဂယူ၏ အော်သံနဲ့အတူ ဝုန်းခနဲ ထရပ်လိုက်တာကြောင့် ဂျီဟွန်းက ပြန်ဆွဲပြီးထိုင်ခိုင်းရလေသည်။ ဂျွန်ဂယူ၏ အံ့ဩရိပ်စွန်းထင်းနေသော မျက်နှာမှာ ဒေါသတို့က ဖုံးမရ...
ဂျီဟွန်းဟာ စိတ်တွေ အောက်ဆုံးထိထိုးကျနေသလိုခေါင်းကိုငုံ့ထားကာ သက်ပြင်းချနေရှာသည်။
" ကျောင်းနားလိုက်ရမယ်ဆိုတာ လုံး၀ အဓိပ္ပါယ်မရှိဘူး..ပတ်ဂျီဟွန်း.."
ဂျွန်ဂယူ ဒေါသကြောင့်အသံတွေ မာနေကာ တစ်ဖန်ထိုင်ရာမှ ပြန်ထလိုက်ရင်း..
"ငါ အဲ့ကောင်ကို သွားပြောမယ် သည်းခံတာများနေပြီ ! ဒီကောင်လုပ်ချင်တိုင်းလုပ်ရအောင် ငါတို့ဘ၀တွေက ဘာတွေလဲ?"
"ဂျွန်ဂယူ.."
ဂျွန်ဂယူ လက်ကောက်၀တ်ကို လှမ်းဆွဲပြီး ခေါ်တော့ ဂျွန်ဂယူက လှည့်ကြည့်လာသည်။
"မင်းသွားပြေလဲ အပိုပဲ..ဂျိုအွန်းက ခွေးလိုကောင် ဒီနေ့ပဲမင်းကို အရုပ်သာသာကစားပြသွားတာလေ.."
"ဒါဆို ငါတို့က ဒီလိုပဲ ထိုင်နေရတော့မှာလား? ငါတော့ လုံး၀ လက်မခံနိုင်ဘူး ပတ်ဂျီဟွန်း..တစ်နှစ်လုံးအချိန်ပေးပြီးကျောင်းတက်ရတာလွယ်တယ်ထင်နေလား? ဒါကို တစ်နှစ်နားလိုက်ရမယ်ဆိုတော့.."
ဂျီဟွန်းခေါင်းငိုက်စိုက်ကျနေရုံကလွဲရင် စိတ်တိုဖို့တောင် အင်အားမရှိတော့ပေ..တစ်နှစ် တစ်နှစ် ဘူဆန်ကနေ ဆိုးလ်မှာ ကျောင်းလာတက်ရတာလွယ်တာမဟုတ်..
မနေ့က ဂျိုအွန်းကို စိတ်ရှိတိုင်းထိုးပြီးတဲ့နောက်မှာ ဂျိုအွန်းဘက်က ကျောင်းအုပ်ကြီးအထိကို နစ်နာသူအဖြစ် ပြသနာတက်ရှာပြီး မိသားစုအင်အား ငွေအင်အားကိုပါသုံး၍ ဂျီဟွန်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တာပင်..။
ဂျီဟွန်းမှာ အဖြေရှာစရာနည်းလမ်းမရှိ... မိဘတွေ၏ ငွေရေးကြေးရေးကလဲ ဂျိုအွန်းတို့အသိုင်းအဝိုင်းကိုတွန်းလှန်ပြီး ကျောင်းအုပ်ကို လာဘ်ထိုးနိုင်မယ့် အင်အားမရှိ...မတတ်နိုင် ..ကျောင်းနားဆိုတော့လဲ နားယုံပေါ့..