"ပတ်..ပတ်ဂျီဟွန်း!"
"ငြိမ်ငြိမ်နေ ဆယ်ဗြော ကြည့်နေတယ်..."
ဂျီဟွန်း ဗလအားကိုးနှင့် ဂျွန်ဂယူ၏ ခါးသေးသေးလေးကို နီးကပ်သည်အထိ ဆွဲယူလိုက်တော့
ကော့ကော့လေးဖြစ်သွားတဲ့ ဂျွန်ဂယူဟာ မျက်နှာလေးလဲ သူ့မျက်စိအောက်မှာ အနီးကပ်ပင်...လက်ချောင်းလေးတွေ တုန်လာသည်အထိ ဂျွန်ဂယူ မနေတတ် မထိုင်တတ်ဖြစ်လာရခြင်းက ဂျီဟွန်း၏ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောကြောင့်လဲ ဖြစ်သလို ထိုမျက်၀န်းတွေကအရင်ကနဲ့မတူပဲ တစ်ခုခုစီး၀င်နေသလို ခံစားချက်မျိုးကို ခံစားမိနေသောကြောင့်လဲ ဖြစ်သည်။
ဂျီဟွန်းသည်လဲ ရင်ဘတ်နားရှိနေသော မျက်နှာဖူးဖူး လေးကို အနီးကပ်ငုံ့မိုးနေရသောကြောင့်
ရင်ဘတ်ထဲ ကဆုန်ပေါက်နေပြီဖြစ်သည်။ နဂိုကမှ ချစ်စရာကောင်းပါတယ်ဆို အခု တော့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မျက်နှာဖောင်းဖောင်းလေးပေါ် ရှိနေသော မျက်မှန်လေးကြောင့်ပို၍ ချစ်စရာကောင်းနေသည်မှာ အမှန်ပင်...သူတို့နှစ်ယောက်၏ အခုအနေအထားကတော့ အပြင်ပန်းနေ ကြည့်လျှင် နမ်းနေကြသလို ဖြစ်နေကြ ပေမယ့် တစ်ကယ် မနမ်းဖြစ်ကြသည့်တိုင် အသီးသီး ရှက်ရွံ့စွာ ရင်ခုန်နေမိကြ၏။
"ဆယ်..ဗြော သွားပြီ"
"ဪ..အေး.."
ဂျွန်ဂယူ စကားကြောင့် ဂျီဟွန်း ကမန်းကတန်းဖြင့် ဖယ်ခွာလိုက်ရင်း လည်တိုင်ကို လက်နဲ့အရှက်ပြေ ပွတ်နေလိုက်ပြီးမှ..
"မင်း! ငါနဲ့မှမတွေ့ရင် ဘယ်လိုလုပ်မလဲ? အားရှ် တကယ်ပါပဲ..."
ရုတ်တရက်ကြီး ထအော်လေသော ဂျီဟွန်းကြောင့် ဂျွန်ဂယူ မျက်မှောင်လေးကြုတ်သွားလျက်...
"အဲ့ဒါမင်းကြောင့်လေ..မင်း ကိုကူညီပေးနေရတဲ့ ငါ့ကိုများ မင်းက ပြန်အော်နေရတယ်ရှိသေး.."
"ကူညီရမှာပေါ့! အဲ့ဒါမင်း စ တဲ့ ဇာတ်လမ်းပဲကို.."
အခုမှ အရင်ကလို ကြောင်နဲ့ကြွက် ပြန်ဖြစ်သွားတော့တာမို့ တစ်ခဏတာ စိမ်းသက်သွားသော လေထုက ပြန်လည်နွေးထွေးလာလေတော့သည်။ထိုသို့ အချိန်မှ ဂျီဟွန်းသက်ပြင်းအသာချမိ၏။