အပိုင်း[၂]

337 35 6
                                    

နမ်ဂျွန် seoulကို ရောက်တော့ ကားပေါ်မှ လမ်းတစ်လျှောက်ကြည့်ကာလိုက်ပါလာသည်။ ဂျွန်တစ်ခါမှ seoulကို မရောက်ဘူးပေ။
အခုလည်း ဂျွန့်ရဲ့မိဘတွေဆုံးသွားကာ
ဂျွန်တစ်ယောက်တည်း ဖြစ်နေ၍ ဦးကခေါ်သဖြင့် လိုက်လာရခြင်းပင်။

ဂျွန် ကိုယ့်မြို့၌သာပျော်သည်။ ဂျွန်ကလေးထဲကနေလာသည့်အိမ်ကို မခွဲချင်ပေ။ ဒါပေမယ့် ဂျွန်တစ်ယောက်တည်းဖြစ်တာကတစ်ကြောင်း ငယ်သေး၍လည်း ဂျွန့်ရဲ့ အတန်း၌ စာသင်ပေးသည့်ဆရာက ခေါ်၍ ဂျွန် seoulကို လိုက်လာခဲ့ခြင်းဖြစ်သည်။

ဂျွန်အတန်းထဲ၌ စာလည်းတော် လိမ္မာ၍ ဆရာက ဂျွန့်ကို ချစ်သည်။ ဂျွန့်မိဘနှစ်ယောက်လုံး ရုတ်တရက်ကြီးဆုံးသွားတော့ ဂျွန်ကျောင်းဆက်မတတ်ဖြစ်တော့မှာကို ဆရာက စိုးရိမ်နေသည်။

ဂျွန်က တတ်လမ်းအများကြီးနှင့်ကလေးဖြစ်၍ ဆရာက သူကိုယ်တိုင်စောင့်ရှောက်ပေးကာ seoul၌ ကျောင်းထားပေးမည်ဟု မြို့ရှိလူများကို ကတိပေး၍ ခေါ်ခဲ့ခြင်းဖြစ်သည်။ဂျွန်တို့စီးလာတဲ့ကားလေးက ဦးတို့​ခြံဝိုင်းထဲဝင်လိုက်တော့
ဂျွန်ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေမိတော့သည်။

ဦးတို့အိမ်ဝိုင်းကြီးက အကျယ်ကြီးဖြစ်ပြီး အပင်များဖြင့်ပြည့်နေသည်။ ဂျွန်အပင်များကို ချစ်သဖြင့် တွေ့တာနဲ့ စိတ်လှုပ်ရှားနေမိသည်။ ပန်းပင်များကျော်ပြီးမှ အိမ်ကြီးကြီးကို တွေ့သောအခါလည်း ဂျွန်အံ့သြမိပြန်သည်။

အိမ်ကြီးက အကြီးကြီးဖြစ်ကာ ရှေးဆန်ပြီး ခမ်းနားသည်။ အိမ်ထဲကို မဝင်ရသေးဘဲနဲ့ အိမ်ကြီးရဲ့အပြင်က လှပတဲ့ပုံစံကို ကြည့်ပြီး အိမ်ကြီးရဲ့ပိုင်ရှင်တွေ မည်မျှချမ်းသာသည်ကို
တွေးကြည့်၍ပင်ရသည်။

အိမ်ထဲဝင်လိုက်သောအခါတွင်လည်း တန်ဖိုးကြီးပစ္စည်းများဖြင့် အလှဆင်ထား၍ တော်တော်လှပသည်။ ဦးတို့အိမ် ဒီလောက်ချမ်းသာမှန်း
ဂျွန်မသိခဲ့ပေ။

ဂျွန့်ရဲ့စိတ်လှုပ်ရှားမှုများက ဦးရဲ့ ဒေါသကြီးနေတဲ့ ညီကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ဂျွန်နေရာမှာအော်ငိုပစ်ချင်စိတ်ကို တော်တော်ထိန်းထားရသည်။

သို့သော် ဂျွန့်ကို လက်ညှိုးထိုးပြီး ပြောတော့
ဂျွန့်ရဲ့စိတ်တွေ ထိန်းမရတော့ဘဲ မျက်ရည်များက ကျလာခဲ့တော့သည်။ အဒေါ်ကြီးက ဂျွန့်ရဲ့လက်ကို ဆွဲကာထွက်လာတော့ ဘာမှမပြောပဲ လိုက်လာခဲ့သည်။

ဂျွန့်ရဲ့အခန်းက ပန်းရောင်များဖြင့် အလှဆင်ထားကာ အရုပ်များလည်းရှိသည်။
ဂျွန်ရဲ့အိပ်ခန်းက ဂျွန်နဂိုနေခဲ့သောအခန်းထက် ၃ဆလောက်ကြီးသည်။ အခန်းထောင့်တွင် ဂျွန်ပါလာတဲ့ပစ္စည်းတွေကို စုပုံချထားသည်။ ဂျွန့်ရဲ့အခန်းက ဘယ်လောက်လှလှ ဦးညီရဲ့ ဒေါသထွက်နေတဲ့ပုံစံကို တွေးပြီး ဂျွန်မပျော်နိုင်ခဲ့။

"ကြီးကြီး ဦးရဲ့ညီက သားဒီမှာနေတာ ဘာလို့ အဲ့လောက်ကြီးစိတ်ဆိုးနေတာလဲဟင် သားက လိမ္မာပါတယ် သားတို့မြို့မှာဆို သားကို လိမ္မာလို့ဆိုပြီး လူတိုင်းချီးကျူးကြတာကို ပြီးတော့ အကုန်လုံးကလည်း ချစ်တယ်”

ဂျွန်မျက်ရည်များကြားကပြောတော့ ကြီးကြီးက ပြုံးပြီး ဂျွန့်ရဲ့ခေါင်းကို ပုတ်ကာ

"seokjinက သဘောကောင်းပါတယ် သူလည်း လူငယ်ဆိုတော့ အိမ်မှာ ကလေးတစ်ယောက်ရှိလို့ စိတ်ရှုပ်တာပါ သားလိမ်လိမ်မာမာနေပြရင် သူကချစ်လာမှာ ဟုတ်ပြီလား အခုအိပ်တော့နော် နောက်ကျနေပြီ”
"ဟုတ် ကြီးကြီး”

ဂျွန် ပျော့အိနေတဲ့ ကုတင်ကြီးပေါ်ကို တတ်ပြီး စောင်ခြုံကာ အိပ်ဖို့ပြင်တော့သည်။ ကြီးကြီးအခန်းတံခါးပိတ်တော့ ဂျွန် ဦးဦးရဲ့ညီအကြောင်း ပြန်စဥ်းစားမိကာ မျက်ရည်များက ပြန်ကျလာသည်။ ဂျွန် ဦးဦးရဲ့ညီကို ကြောက်သည်။ ဦးဦးရဲ့ညီက ရုပ်ချောသလောက် ဒေါသထွက်ရင်ကြောက်စရာကြီး။

ဂျွန်နောက်နေ့ သူနဲ့တွေ့မှာကိုပင် မစဥ်းစားချင်။ ဂျွန့်ရဲ့မိဘတွေသာရှိရင် ဂျွန်ဦးဦးတို့အိမ်ကို လိုက်ခဲ့စရာပင်မလိုပေ။ ဂျွန့်ရဲ့မိဘတွေက ဂျွန့်ကိုဆို အမြဲကြင်နာသည်။ ဂရုစိုက်သည်။ ဂျွန့်ကို လက်ညှိုးထိုးပြီးစကားပြောဆိုတာမျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ ဂျွန်ရှိုက်သံများပင်ထွက်လာကာ

"papa,mama သား papaတို့ကို သတိရတယ်”

ချစ်သော ဦးငယ်Where stories live. Discover now