အပိုင်း[၉]

214 31 1
                                    

ဂျွန်နောက်နေ့မနက်ထမင်းစားဆင်းတော့ ဦးငယ်က စားပွဲဝိုင်း၌ ကြိုရောက်နေသည်ကို တွေ့လိုက်ရသည်။ ဦးငယ်ကိုမြင်တော့ ဂျွန့်ရဲ့နှလုံးသားက
နှစ်ဆခန့်ပိုမြန်လာသလားထင်ရသည်။ ဂျွန် ချောင်းဟန့်ကာ နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်ပြီး ခုံတွင်ဝင်ထိုင်ကာ မနက်စာစစားတော့သည်။

"နမ်ဂျွန်”
"ဟုတ် ဦးဦး”
"ဂျွန်တို့နွေရာသီကျောင်းပိတ်ရက်ရောက်တော့မှာ သူငယ်ချင်းတွေနဲ့သွားဖို့အစီအစဥ်ရှိလား”

ဦးဦးကမေးလိုက်သဖြင့် ဂျွန်စိတ်ထဲပျော်သွားရသည်။ ဂျွန်တို့သူငယ်ချင်းလေးယောက် အရင်တစ်နေ့ကမှ နွေရာသီခရီးထွက်ဖို့ပြောနေကြသေးသည်။ အခုတော့…။

seokjin သူ့အကိုအမေးကြောင့် မျက်မှောင်ကြုတ်လိုက်ကာ

"နမ်ဂျွန်က ဘာဖြစ်လို့သွားရမှာတုန်း အကြီးတွေမပါဘဲနဲ့”
"seokjin သူများကလေးတွေလည်း ဒီလိုပဲ နွေရာသီ ခရီးထွက်နေကျလေ နမ်ဂျွန် မနှစ်က
နွေတုန်းက အိမ်မှာ ဒီအတိုင်းကြီးနေနေရတာ ပျင်းမှာပေါ့ သူငယ်ချင်းတွေနဲ့ခရီးထွက်ပါစေ”

ဂျွန် sjကို မဝံ့မရဲကြည့်လိုက်ပြီး

"ဂျွန်…ဂျွန်တေတို့သူငယ်ချင်းတွေလည်း အခုထိအစီအစဥ်မရှိသေးပါဘူး ဦးဦး”
"အစီအစဥ်ရှိလည်း မသွားရပါဘူး နမ်ဂျွန့်ကို သူတို့တွေနဲ့ စိတ်မချဘူး”

seokminက ဘာမှမပြောနိုင်သေးခင် jinကပဲ ကြားက အရင်ဖြတ်ပြောလိုက်သည်။ jinရဲ့စကားကြောင့် ဂျွန့်မျက်နှာညှိုးကျသွားတာတွေ့တော့

"ဒီလောက်သွားချင်ရင် နွေရာသီကျောင်းပိတ်ရက်ကျ ဦးငယ်တို့သူငယ်ချင်းတွေ ကမ်းခြေသွားမှာ ဂျွန်လိုက်ခဲ့လေ”
"ဦးငယ်တို့က လူကြီးတွေလေ
ဂျွန်တစ်ယောက်တည်း ကြောင်တောင်တောင်ကြီးဖြစ်နေမှာပေါ့ နေပါစေ ဂျွန်မလိုက်တော့ပါဘူး”

သူ့ကို မကြည့်ပဲ ခေါင်းငုံ့ကာပြောနေတဲ့
ဂျွန်ကြောင့် sjစိတ်မကောင်းဖြစ်ကာ

"အဲ့လောက်ကြီးဝမ်းနည်းမနေပါနဲ့ ဂျွန်ခေါ်ချင်ရင် ဟို၃ယောက်အိမ်ကလွှတ်တယ်ဆို သူတို့ပါခေါ်ခဲ့ဟုတ်ပြီလား”

ချစ်သော ဦးငယ်Where stories live. Discover now