အပိုင်း[၄]

280 35 3
                                    

seokjin နမ်ဂျွန်အဝတ်အစားဝယ်တာလိုက်
ကြည့်နေတုန်း solarဆီမှ ဖုန်းဝင်လာသည်။ solarနဲ့seokjinက အထက်တန်းမှစ၍ ခင်လာခဲ့ကြသည်။

အခုကျ solarနဲ့seokjin ချစ်သူတွေဖြစ်သည်မှာ မကြာသေးပေ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုဖြင့်စတင်ခဲ့သော်လည်း အခုချစ်သူတွေဖြစ်လာသောအခါ အမြဲseokjinကို စိတ်မချဖြစ်နေတတ်သည်။ အကြောင်းပြချက်ကတော့ seokjinက ရုပ်ရည်ရော ချမ်းသာကြွယ်ဝမှုရော ပြည့်စုံနေ၍ လူတိုင်းက seokjinဆို အမိဖမ်းချင်နေသောကြောင့်ဖြစ်သည်။

solarကရော မပြည့်စုံဘူးလားဆိုသော် ထိုသို့မဟုတ်။ solarက အဆင်းရော အချင်းရော ပြည့်စုံသည့် မိန်းမလှတစ်ယောက်ဖြစ်သည်။ သို့သော် seokjinကား solarကို သဝန်တိုချိန်ကို မရပေ။

အမြဲတမ်း solarကို ဖြေရှင်းပေးနေရသည်။
အခုလည်း ဖုန်းဆက်ပြီး သူ့ဆီချက်ခြင်းလာခိုင်းနေသည်။ နမ်ဂျွန့်ကို တစ်ယောက်တည်းမထားခဲ့ချင်သော်လည်း solarက လှမ်းခေါ်နေသဖြင့်
မသွား၍မရ။ မသွားလျှင် စကားများနေမှာဖြစ်၍
နမ်ဂျွန့်ကိုပြောပြီး မြန်မြန်ပြေးထွက်လာခဲ့သည်။

ဟိုရောက်တော့လည်း နှစ်ယောက်သားစကားများ​ပြီး ပြန်လာခဲ့ရသည်။ နာရီကြည့်မိမှ
တစ်နာရီနီးနီးဖြစ်သဖြင့် ကားကိုမြန်မြန်မောင်းကာ ပြန်ခဲ့သည်။ ကားပါကင်ထိုးပြီးတာနဲ့ mallထဲကို ပြေးဝင်ခဲ့ပြီး နမ်ဂျွန်ရှိရာကို အမြန်ပြေးသွားခဲ့သည်။

ဆိုင်ရှေ့ရောက်တော့  ဆိုင်ဝန်ထမ်းက
နမ်ဂျွန့်ကို ပြောနေတာတွေ့လိုက်ကာ seokjin ဒေါသထွက်သွားပြီး လျှောက်လာခဲ့သည်။ အနားနီးလေ နမ်ဂျွန်ပုံစံကြည့်ပြီး seokjin
စိတ်မကောင်းဖြစ်မိသည်။

နမ်ဂျွန့်မျက်နှာက နီရဲနေပြီး မျက်ရည်များကကျနေသည်။ ခန္ဓာကိုယ်ကလည်း
သစ်ရွက်အလား တစ်ကိုယ်လုံးပင်တုန်နေသည်ကို တွေ့လိုက်ရသည်။ နမ်ဂျွန်အတွက် seoulက အစိမ်းသက်သက်ဖြစ်နေတယ်ဆိုတာသိရက်နဲ့ ထွက်သွားခဲ့မိသည့်အတွက် seokjinကိုယ့်ဘာသာကို အပြစ်တင်နေမိသည်။

"မင်းပြဿနာတွေကို ငါမသိဘူး လူပုံကြည့်တော့သနားကမားနဲ့ မဝယ်နိုင်ရင်အခုထွက်သွား”

ချစ်သော ဦးငယ်Where stories live. Discover now