အိမ်သို့အပြန် ဂျွန်တို့ရဲ့ကားက အလာနဲ့မတူပဲ
တိတ်ဆိတ်၍သာနေခဲ့သည်။ sj နမ်ဂျွန်ဆီသို့
ငဲ့၍ပင်မကြည့်ခဲ့။ မနေ့ညက ကိစ္စကို တွေးပြီး
sj ဒေါသက ပြန်သည့်အချိန်ထိမပြေသေး။
ဒေါသထွက်တာလား…ဝမ်းနည်းနေတာလား
ဂျွန်နဲ့chanyeolကိုကြည့်ပြီး sj မနာလိုဖြစ်မိ
နေတာလား။ chanyeolနေရာမှာ sj နေချင်
နေမိတာလား။ sjရဲ့ အတွေးတို့က ရေရာမနေခဲ့။
နမ်ဂျွန် sj ဘဝထဲ ရောက်မလာသေးသည့်အချိန်က solorကသာ sjရဲ့လိုက်ဖက်ညီတဲ့ လက်တွဲဖော်ဟု ယုံကြည်ခဲမိသည်။ အခုကရော
ဘာကွာခြားနေခဲ့တာလဲ…ခဏခဏ sjရဲ့
အတွေးတွေထဲကို နမ်ဂျွန်ဘာလို့ ဝင်လာခဲ့ရ
တာလဲ…sj စတီယာရင်ကို တင်းတင်းကြပ်ကြပ်ကိုင်ပြီး
ခေါင်းကို ခါရမ်းလိုက်မိသည်။ နမ်ဂျွန်နဲ့
ပတ်သတ်ပြီးအခုလိုတွေးနေမိသည့် ကိုယ့်ကိုယ်ကိုတော်တော်စိတ်ပျက်လာနေခဲ့သည်။sj မင်းစိတ်မင်းထိန်းစမ်း နမ်ဂျွန်ဆိုတာက
မင်းစောင့်ရှောက်ပေးရမယ့်ကလေး မင်းအခုလို
မဟုတ်တာတွေတွေးနေတာ မင်းအကို သိသွားရင် ဘယ်လောက်တောင်စိတ်ပျက်သွားမလဲ
ပြီးတော့ ငါနဲ့solarရဲ့ပတ်ဝန်းကျင်ကလူတွေကရော ဘယ်လိုတွေတောင်အပြစ်တင်လိမ့်မလဲ
solarအတွက်ရော ငါငဲ့ကြည့်သင့်တယ်
မင်းရဲ့အဲ့အတွေးတွေထဲ နစ်မြောမနေနဲ့ကားရပ်ပြီး ထမင်းစားနားတော့လည်း
sjတို့အတွဲနဲ့ hs၊ygတို့ အတူထိုင်သည်။
ygတို့နှစ်ယောက်လုံး sj စိတ်မကြည်ဖြစ်နေတာကို သိသော်လည်း ဘာမှမမေးဖြစ်။ နမ်ဂျွန်
အသံတိတ်နေတာကိုလည်း သတိထားမိသည်။
ထို့ကြောင့် chanyeolက ထမင်းစားစဥ်
တစ်လျှောက်လုံး ဟာသတွေပြောလိုက်နဲ့
နမ်ဂျွန် ပျော်ရွှင်အောင်လုပ်ပေးနေသည်ကို
တွေ့ရသည်။ solarကလည်း ထို့အတူပင်။
မျက်နှာ သာယာမနေခဲ့။ sjနဲ့စကားပင်
သိပ်မပြောပဲ စားစရာရှိတာပဲ စားနေခဲ့သည်။ပုံမှန်လိုဆို solarက sj hyungကို တစ်ခုမဟုတ်
တစ်ခုစိတ်ဆိုးကာ sjက ချော့ဖို့ပြင်နေသည်ကို
အမြဲတွေ့ရတတ်သည်။အဲ့တာက sjတို့အတွဲရဲ့
အမြဲဖြစ်နေကျအလေ့အကျတစ်ခုပင်။
သို့သော် ဒီခရီး၌ ygရော hsပါ အဲ့လိုမြင်ကွင်း
မျိုးကို မတွေ့ခဲ့။ ကမ်းခြေမှာတုန်းက
လူတော်တော်များများ sjကို ငေးကြည့်နေခဲ့
သည်ကို သဝန်မတိုသည့် solarကို ကြည့်ပြီး
နှစ်ယောက်လုံး အံ့သြနေခဲ့သည်။ solarပုံမှန်
ဆို အချိန်တိုင်း sjအပေါ် သဝန်တိုနေတတ်သည်။ အခု ဘာဖြစ်ခဲ့တာပါလိမ့်… solarတင်မဟုတ်
သူတို့လေးယောက်လုံး တစ်ခုခုဖြစ်နေတာကို
သိသည်။ ဒါပေမယ့် ဘာအတွက်ဖြစ်သည်ကို ygတို့မတွေးမိခဲ့ပေ။
YOU ARE READING
ချစ်သော ဦးငယ်
Fanfictionဂျွန် ဦးငယ်ကို အရမ်းချစ်တယ် ဒါ...ဒါပေမယ့် ဦးငယ်နှလုံးသားထဲမှာ ဂျွန့်အတွက်နေရာဆိုတာ မရှိတော့ ဂျွန့်ရဲ့အချစ်တွေကို သိမ်းထားမယ်လို့ ဆုံးဖြတ်ထားတယ် ဦးငယ် ဦးငယ်ပျော်ရွှင်ဖို့က အဓိကပါပဲ start-4/10/22 end -???