အပိုင်း[၂၈]🔞

597 29 14
                                    

sj ကားကို ဟန်မြစ်ဘက်ကို မောင်းလာခဲ့သည်။
ကားနားတဲ့​​နေရာမှာ ကားရပ်ပြီးတော့ တွေ့တဲ့
စတိုးဆိုင်မှ ဘီယာဗူး​တွေ ဝယ်ပြီး မြစ်ဘေးကို လမ်းလျှောက်လာခဲ့သည်။ ညအစောပိုင်းရှိသေးသဖြင့် လမ်းလျှောက်နေသောသူအများကို
မြစ်ဘေးမှာတွေ့နေရာသည်။ ထို့နောက်
ပထမဆုံးတွေ့တဲ့ခုံတန်းလေးမှာထိုင်ပြီး
ဘီယာကို တစ်ဗူးပြီးတစ်ဗူးဖွင့်ကာ တစ်ကြိုက်တည်းသောက်လိုက်မိသည်။ ထို့နောက် ခုံတန်းဘေးရှိအမှိုက်ပုံးထဲကို ပစ်ထည့်လိုက်ပြီး ခုံတန်းကိုမှီကာ လမ်းလျှောက်နေသောလူအများကို
ကြည့်နေလိုက်မိသည်။ ညရဲ့အေးချမ်းလှသော
အငွေ့အသက်တွေအောက်မှာ အသက်အရွယ်မျိုးစုံ အေးအေးလူလူဖြစ်လမ်းလျှောက်ကာ
ဟန်မြစ်ရဲ့အလှအပကို ကြည့်ရှူနေကြသည်။
များသောအားဖြင့် လမ်းလျှောက်နေသောသူတွေက သူတို့အတွဲကိုယ်စီဖြင့်ဖြစ်သည်။ သူတို့
ချစ်ရတဲ့သူရဲ့လက်ကို မြတ်နိုးစွာကိုင်ရင်း မျက်ဝန်းတို့က ချစ်ခြင်းအပြည့်ဖြင့်ဖြစ်နေသည်။
ထိုသူတို့ရဲ့အပြုံးတို့က ချိုမြိန်လှပနေခဲ့သည်။
sjလည်း နမ်ဂျွန်ရဲ့လက်ကို ထိုစုံတွဲတွေလို
ဆုပ်ကိုင်ထားချင်မိသည်။ နမ်ဂျွန်ရဲ့
အပြုံးချိုချိုလေးကို အမြဲတမ်းမြင်ချင်နေမိသည်။ ဘာလို့sjရဲ့အတွေးတွေထဲမှာ
အရင်တွေးမိတဲ့သူက နမ်ဂျွန်ဖြစ်နေရတာလဲ။solarကို ဒီလိုစုံတွဲတွေမြင်တဲ့အချိန်မှာ
sjစိတ်ထဲမတွေးမိပဲ နမ်ဂျွန်တစ်ယောက်သာပေါ်လာလို့နေသည်။ ဘယ်တုန်းကမှ solar
အပေါ် သဝန်မတိုတတ်တဲ့
sjက ယခုနမ်ဂျွန်နဲ့မှ သဝန်တိုတတ်လာသည်။
နမ်ဂျွန်ရဲ့လက်ကို ကိုင်ထားတတ်တဲ့ chanyeolရဲ့
လက်ကို ဆွဲဖြုတ်ပစ်ချင်မိသည်။ sj ကြယ်တွေ
စုံနေတဲ့ကောင်းတင်ကြီးကို မော့ကြည့်လိုက်ပြီး
တီးတိုးရေရွတ်လိုက်မိသည်။

"ကိုယ်စိတ်တွေကို ထိန်းမရအောင် မင်းကို
ချစ်မိနေပြီနဲ့တူတယ် နမ်ဂျွန်”

ဒါပေမယ့် sjဘယ်လိုလုပ်ရမလဲ။ solarကို
ဘယ်လိုပြောရမှာလဲ။ sjချစ်တဲ့သူက
နမ်ဂျွန်ဆိုတာကို။ solarကို လမ်းခွဲပြီးတော့ရော
နမ်ဂျွန်ကို sjဖွင့်ပြောနိုင်မှာလား။ နမ်ဂျွန်ရဲ့အသက်က အခုမှ ၁၈ နှစ်ပဲရှိသေးတယ်။
sjက အခု ၃၆နှစ်ထဲ ရောက်နေပြီ။ အသက်က
ထက်ဝက်ကြီးနေတာ ဘေးလူတွေက ဘယ်လိုပြောကြမလဲ။ ကလေးကိုမုန့်ပေးကြိုက်တယ်လို့​ပြောမလား။ အဲ့ဒါဆို chanyeolကျတော့ရော။
သူလည်း sjလို နမ်ဂျွန်ထက်အသက်က ထက်ဝက်ကြီးနေတာပဲ။ အဲ့ဒါဆို sjကို ဘာက မဖြစ်သင့်ဘူးလို့တားနေတာလဲ။ ဘာလို့ဆို နမ်ဂျွန်က sjစောင့်ရှောက်ပေးရမယ့်ကလေးဖြစ်နေလို့ sjတွန့်ဆုတ်နေမိခဲ့တာလား။ ဟုတ်တယ် ကိုယ်စောင့်ရှောက်ပေးရမှာမလို့ရောက်လာတဲ့ နမ်ဂျွန်ကို
sjကချစ်မိသွားတယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်တာ။ ဒီကိစ္စကြီးက မဖြစ်သင့်ဘူး။

ချစ်သော ဦးငယ်Where stories live. Discover now