"နမ်ဂျွန် အိပ်ယာထပြီလား သားဦးဦးစောင့်နေပြီမနက်စာစားဖို့"
ဂျွန်ကြီးကြီးအသံကြားတော့ အိပ်ယာပေါ်မှ ခုန်ဆင်းပြီး တံခါးသွားဖွင့်ကာ
"ကြီးကြီး သားနိုးနေတာကြာလှပြီ ဘာလုပ်ရမှန်းမသိလို့ ထိုင်နေတာ"
ဂျွန်ကြီးကြီးလက်ကိုဆွဲကာ မီးဖိုခန်းထဲ လိုက်ဝင်သွားတော့ ထိုင်နေတဲ့ဦးဦးကိုတွေ့လိုက်ရပြီး ဦးဦးရဲ့ညီကို မတွေရတော့ ဂျွန့်စိတ်ထဲ ဝမ်းသာသွားမိသည်။
"morning ဦးဦး"
"morning နမ်ဂျွန် မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"ဟုတ် ဦးဦး သားရဲ့အခန်းကိုလည်း သဘောကျတယ် အိပ်ခန်းကလည်း အကျယ်ကြီးပဲ"
"နန်ဂျွန်လည်း ဗိုက်ဆာရောပေါ့ စားရအောင်"
"ဟုတ်ကဲ့"ကြီးကြီးချက်ထားသည့်ဟင်းများက တော်တော်အရသာရှိသည်။ ဂျွန်လည်း ဗိုက်ဆာနေသည်မို့ ခေါင်းမဖော်တမ်းစားနေမိသည်။ နောက်ကျရင်လည်း ကြီးကြီးဆီက ဟင်းချက်သင်ဖို့ တွေးထားမိသည်။ ဂျွန်တို့ထမင်းစားပြီးသည့်အထိ ဦးဦးရဲ့ညီပြန်မလာ၍ ဂျွန့်အတွက်အဆင်ပြေနေသည်။
"ဦးဦးထမင်းစားပြီးပြီမလား ဂျွန် ပန်းကန်တွေ သိမ်းလိုက်တော့မယ်"
"ရပါတယ် နမ်ဂျွန်ရဲ့ ကြီးကြီးပဲ လုပ်လိုက်ပါ့မယ် နမ်ဂျွန်က မနေ့ကမှ ရောက်တာ နားနေလိုက်ပါ"ကြီးကြီးက ဝင်ပြောတော့ ဂျွန်ခေါင်းရမ်းလိုက်ပြီး
"ဂျွန် မပင်ပန်းပါဘူး ပြီးတော့ အိမ်က အလုပ်တွေလည်း ကူလုပ်ပေးချင်လို့ ရတယ်မလား
ဦးဦး"seokminက ဂျွန့်ရဲ့တာဝန်ယူပြီး နားလည်တတ်တဲ့စိတ်ကို သိ၍ ခေါင်းညိမ့်ပြလိုက်သည်။
"ကောင်းပြီလေ ဂျွန်ကိုယ်တိုင်က ကူချင်တယ်ဆိုမှတော့ ကြီးကြီးလည်း တားမနေပါနဲ့"
"ပြီးတော့ ဦးဦး ဂျွန်ခြံထဲဆင်းပြီး ပန်းပင်တွေ ရေလောင်းရလား"
"ရတယ် ဂျွန် အဲ့မှာ သစ်ပင်တွေကို ဂရုစိုက်ပေးနေတဲ့ ခြံစောင့်ရှိတယ် သူက အမြဲခြံထဲမှာရှိတယ်
ပြီးတော့ ဒီအိမ်ကလည်း ဂျွန့်ရဲ့အိမ်ဖြစ်နေပြီ အဆင်ပြေသလိုနေရတယ် သိလား"
YOU ARE READING
ချစ်သော ဦးငယ်
Fiksi Penggemarဂျွန် ဦးငယ်ကို အရမ်းချစ်တယ် ဒါ...ဒါပေမယ့် ဦးငယ်နှလုံးသားထဲမှာ ဂျွန့်အတွက်နေရာဆိုတာ မရှိတော့ ဂျွန့်ရဲ့အချစ်တွေကို သိမ်းထားမယ်လို့ ဆုံးဖြတ်ထားတယ် ဦးငယ် ဦးငယ်ပျော်ရွှင်ဖို့က အဓိကပါပဲ start-4/10/22 end -???