အပိုင်း[၂၁]

188 23 4
                                    

နောက်တစ်နေ့မနက် ၄နာရီခွဲ၌ အကုန်လုံးပြင်ဆင်ပြီးကာ ကမ်းခြေမှ ကားနှစ်စီး
ထွက်လာခဲ့ကြသည်။ လာသောနေ့က
လူအတိုင်း ကားစီးခဲ့ကြသည်။ ဂျွန်ကားတံခါး
ပေါ်မေးတင်ကာ လမ်းတစ်လျှောက်ရှိရှူခင်းများကို ကြည့်ရင်း လိုက်လာခဲ့သည်။ မနက်ခင်းအလင်းရောင်မှိန်ပြပြနဲ့ စိမ်းစိုနေသော
ဂျယ်ဂျူဒိုရဲ့မြင်ကွင်းက ပန်းချီကား
တစ်ချက်ပမာ။

chanyeol ဂျွန့်ဘေး၌ ထိုင်ကာအပြင်ဘက်ကို ငေးမောနေသော ဂျွန့်မျက်နှာကို
တစ်စိမ့်စိမ့်ကြည့်နေမိသည်။ ဘာမှလိမ်းမထားသော ဂျွန့်ရဲ့မျက်နှာက ကြည်လင်ပြီး
တောက်ပနေကာ ကပိုကရိုဖြင့် နဖူးပေါ်ကျနေသောဆံပင်လေးက လေနဲ့ လွင့်နေသည်။
ထိုမြင်ကွင်းကား chanyeolအတွက်
အိပ်မက်ပမာ လှပလွန်းလှသည်။ ဂျွန့်ပါးအိအိလေးထက်က ပါးချိုင့်လေးက ဂျွန့်ပါးလေးကို
နမ်းဖို့ဖိတ်ခေါ်နေသလိုပင်။ chanyeol မနေနိူင်ပဲ
ထိုပါးချိုင့်လေးကို လက်နဲ့ပုတ်လိုက်မိသည်။
ထိုအခါမှ ဂျွန့်မျက်လုံးလေးများဝိုင်းစက်ကာ
chanyeolဘက်ကို လှည့်ကြည့်လာခဲ့သည်။

ရိုးသားဖြူစင်လှသော ဂျွန့်မျက်နှာလေးကို
ကြည့်ပြီး ဂျွန့်ကို chanyeolဆီ၌ အပိုင်သိမ်း
ထားချင်စိတ်တွေ တဖွားဖွားပေါ်လာမိသည်။ တကယ်တော့ chanyeolတစ်ယောက်တည်းမဟုတ်ပေ။ကားမှန်ကနေကြည့်နေသော sjအတွက်လည်း နမ်ဂျွန်က chanyeolအတွက် ဖြူစင်လွန်းလှသည်။ နမ်ဂျွန့်ကို chanyeolနဲ့အဝေးဆုံးနေရာ၌sjသိမ်းထားချင်မိသည်။
မဖြစ်နိုင်မှန်း သိပေမယ့် sjတောင်မသိလိုက်ပဲ စိတ်ထဲသူ့ဘာသာပေါ်လာတဲ့အတွေးဖြစ်သည်။ sjသက်ပြင်းချလိုက်ပြီး ကားကိုအာရုံစိုက်
မောင်းနေလိုက်သည်။ solarက sjလက်တစ်
ဖက်ကို ဆွဲယူလိုက်သဖြင့် sj solarကို ပြုံးပြပြီး solarရဲ့လက်ကို ပြန်ဆုပ်ကိုင်လိုက်တော့သည်။

ဂျွန် ပန်းနုရောင်သန်းနေသော ပါးကို လက်နှစ်ဖက်နဲ့အုပ်လိုက်ပြီး မျက်လုံးအဝိုင်းသားနဲ့ chanyeolကို ကြည့်လိုက်ကာ

"hyung ဘာ…ဘာလုပ်တာလဲ”
"ဂျွန့် ပါးချိုင့်လေးက ချစ်ဖို့ကောင်းနေတာကို
ကိုယ်အသည်းယားလို့”

ဂျွန် chanyeolကို မျက်စောင်းထိုးလိုက်ပြီး

"ဘာမှချစ်ဖို့မကောင်းဘူး လိမ်ပြောမနေနဲ့”
"hyungက တကယ်ပြောတာကို hyungမျက်လုံးထဲ ဂျွန်က ချစ်ဖို့အကောင်းဆုံးပဲ”

ချစ်သော ဦးငယ်Where stories live. Discover now