solar နေရာ၌ စိတ်မရှည်စွာ sjကို စောင့်နေခဲ့မိသည်။ ထိုတစ်ယောက်နဲ့sjကို စိတ်မချပါဘူး
ဆိုသူတို့နှစ်ယောက်က အတူတူကျဖြစ်အောင် ကျလိုက်သေးတယ်။ နဂိုရှိခဲ့သမျှ solarရဲ့
ကိုယ်ကိုတိုင်ယုံကြည်မှုတွေလည်း အခု
ဒီကောင်လေးနဲ့မှ ပျောက်ဆုံးနေခဲ့ရတော့သည်။ solarနေရာမှထကာ sjနောက်လိုက်ဖို့ပြင်တော့ chanyeolပါ solarအနားကို ရောက်လာကာ"ဂျွန်တို့နောက်ကို လိုက်သွားမလို့လား”
solarစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဒီ chanyeolကလည်း ကြိုက််တယ်ဆို အပိုင်ရအောင်ကြိုးစားပါလား အခုထိဖြစ်ဖြစ်မြောက်မြောက်မဖြစ်သေးလို့ ငါ sjကို စိတ်ပူနေရတာ
solar chanyeolကို မျက်စောင်းထိုးလိုက်ပြီး
နှစ်ယောက်သား sjတို့ရှိရာဘက်သို့လျှောက်
လာခဲ့သည်။ ထင်သည့်အတိုင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် solar နှလုံးခုန်ပို၍ပင် ယမြန်လာခဲ့သည်။ အဲ့ကောင်လေးက သဲပေါ်၌ထိုင်နေကာsjက ဘေး၌ထိုင်ရင်း ကြည့်နေတဲ့
အကြည့်က ကမ္ဘာပေါ်၌ တန်ဖိုးအရှိဆုံးသောအရာကို ကြည့်နေသလိုပင်။ နူးညံ့လွန်းလှသည်။ ထိုကောင်လေးကလည်း ခေါင်းကိုငုံ့ထားကာ
ရဲနေသော ပါးနှစ်ဖက်ကို ရှင်းရှင်းလင်းလင်း
မြင်နေရသည်။ ထို့အပြင် sjက ဆံပင်ကို
လက်ဖြင့် သာသာယာယာဖွလိုက်သေးသည်။ solarနဲ့ chanyeol တစ်ယောက်ကို
တစ်ယောက်ကြည့်လိုက်ကြပြီး
sjတို့ဆီ မြန်မြန်လျှောက်သွားလိုက်သည်။"မောင်…”
solarအသံကြားတော့ sjတို့နှစ်ယောက်သား
အံ့သြသွားပုံရကာ ထိုင်ရာမှ မြန်မြန်ထရပ်လိုက်ကြသည်။ဂျွန် အသံကြားရာကို ကြည့်လိုက်တော့ noonaနဲ့
chanyeol hyungကို တွေ့လိုက်ရသည်။ sjလည်း ထတော့ ဂျွန်ပါမြန်မြန်လိုက်ထလိုက်သည်။ အလန့်တကြားမတ်တပ်ရပ်ပြီးမှ
ဂျွန့်ခြေထောက်ခွေကျသွားကာ လဲသွားတော့
sjလက်ထဲမှ ပစ္စည်းတွေပစ်ချပြီး ဂျွန့်ကို
လှမ်းဆွဲလိုက်သည်။ သို့သော်မမိလိုက်ပဲ အရှိန်လွန်ကာ နမ်ဂျွန့်ပေါ်သို့ ထပ်ရပ်သွားကြမိသည်။ နှစ်ယောက်သားရင်ဘတ်ချင်းအပ်ကာ ဝတ်ထားသောအဝတ်အစားတွေက ခန္ဓာကိုယ်ပေါ်နေသော အဝတ်အစားတွေဖြစ်သဖြင့် အသားအချင်းချင်းပင်ထိကပ်နေမိတော့သည်။ နှစ်ယောက်သားနှာတံချင်းပင် ထိကပ်ကာ နှုတ်ခမ်းချင်းကလည်း ထိလုနီးနီးဖြစ်နေတော့သည်။ တစ်ယောက်ယောက်လှုပ်လိုက်
လျှင်ပင် နမ်းမိတော့မည်အထိ တိုးကပ်နေခဲ့သည်။ ဂျွန်မျက်လုံးများပင်ဝိုင်းကာ
sjကို ကြည့်နေမိခဲ့သည်။ sjလည်း ဂျွန်ရဲ့
အညိုရောင် သမင်မျက်လုံးများကို ကြည့်ကာ အရာရာကို မေ့လျော့နေခဲ့တော့သည်။
YOU ARE READING
ချစ်သော ဦးငယ်
Fanfictionဂျွန် ဦးငယ်ကို အရမ်းချစ်တယ် ဒါ...ဒါပေမယ့် ဦးငယ်နှလုံးသားထဲမှာ ဂျွန့်အတွက်နေရာဆိုတာ မရှိတော့ ဂျွန့်ရဲ့အချစ်တွေကို သိမ်းထားမယ်လို့ ဆုံးဖြတ်ထားတယ် ဦးငယ် ဦးငယ်ပျော်ရွှင်ဖို့က အဓိကပါပဲ start-4/10/22 end -???