အပိုင်း[၈]

239 35 1
                                    

seokjin မနက်စောစောထကာ solarကြိုက်တဲ့ ကော်ဖီနဲ့ကိတ်မုန့်ဝယ်ပြီး သူ့အိမ်သို့ထွက်ခဲ့သည်။ seokjinတို့က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်၍ သံယောဇဥ်ကြီးကြသည်။ အသက်ကြီးလာတော့ ချစ်သူတွေအဖြစ်လက်တွဲဖြစ်ကြသည်။ နှစ်ယောက်က လိုက်ဖက်လွန်းလှသည်။ ရုပ်ရည်ကလည်း ချောမော၍ ချမ်သာလွန်းလှသည့် သူတို့နှစ်ယောက်က နေနဲ့လပမာ တင့်တယ်နေသည်။

solarကလည်း မိဘနဲ့အတူတူမနေဘဲ seoulမြို့လည်ရှိ တန်ဖိုးကြီး ကွန်ဒို၌သာနေသည်။ အဲ့ကနေ အလုပ်ကို အသွားအပြန်လုပ်သည်။ seokjinကားရပ်ပြီး ချစ်သူရှိရာအထပ်သို့
မုန့်ထုပ်များကိုင်ကာ တတ်လာခဲ့သည်။ အခန်းရှေ့ရောက်တော့ ဘဲလ်တီးတော့ solarက တံခါးလာဖွင့်ပေးသည်။ seokjinသူ့ချစ်သူရဲ့မနက်ခင်းအလှကိုမြင်ပြီး ပြုံးလိုက်ကာ ခါးကိုလက်တစ်ဖက်ဖြင့် ဖက်ပြီး နမ်းဖို့လုပ်သည်။ သို့သော် solarက မျက်နှာရှုံ့မဲ့ကာ seokjinကိုတွန်းထုတ်လိုက်ပြီး

"ဘာလာလုပ်တာလဲ မနက်စောစော"

solarအခန်းထဲပြန်လှည့်သွားတော့ seokjinတံခါးပိတ်ကာ နောက်က လိုက်ဝင်လာခဲ့သည်။

"ကို မင်းကြိုက်တဲ့ကော်ဖီနဲ့မုန့်ဝယ်ပြီးလာပို့ပေးတာလေ မပျော်ဘူးလား ကို့ကိုတွေ့တာ"
"မနေ့ညက လုပ်ချင်တာလုပ်ပြီး ဘာကိစ္စစောစောစီးစီး မျက်နှာလာပြနေရတာလဲ"
"ချစ် ကိုမနေ့ညက ကိစ္စကိုတောင်းပန်ပါတယ်ကွာ ရပြီလား"

solarခေါင်းရမ်းလိုက်ပြီး

"မရဘူး မနေ့ညက ကို့​ကြောင့် solarတစ်ယောက်တည်းပြန်လာခဲ့ရတာ
အဲ့ကို့တူဆိုတဲ့တစ်ယောက်ကြောင့် solarတို့
အစီအစဥ်တွေ ပျက်ခဲ့ရတာ"

ဂျွန့်နာမည်ပါလာတော့ seokjinမျက်နှာပျက်သွားပြီး

"သူ့နာမည်က နမ်ဂျွန် solar"
"သူ့ဟာသူ နမ်ဂျွန်လည်း solarမသိဘူး သူနှောင့်ယှက်လိုက်တာပဲ solarသိတယ်"
"solar ဂျွန်ကမနှောင့်ယှက်ပါဘူး ကိုသူ့ကို စိတ်မချလို့ပါ solarကိုလည်း ပြန်လိုက်ပို့ပေးမယ်ပြောသားပဲ"
"ကို မနက်ခင်းစောစောစီးစီး စိတ်မညစ်ချင်ဘူးပြန်လိုက်တော့ solarတော့ အခုထိစိတ်ဆိုးမပြေသေးဘူး ဒါပဲ"

စိတ်ဆိုးပြီးအခန်းထဲဝင်သွားတော့ seokjinလည်း သူ့ချစ်သူကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့တော့သည်။ seokjin အလုပ်ကို မသွားသေးပဲ yoongiနဲ့hoseokတို့အိမ်ကို ထွက်လာခဲ့သည်။ seokjinရောက်တော့ yoongiတို့ကမနက်စာစားနေကြသည်ကို တွေ့ရသည်။

ချစ်သော ဦးငယ်Where stories live. Discover now