မနက်ခင်း sjနိုးတော့ ၁၁နာရီပင်ရှိပြီဖြစ်သည်။
မနေ့က ကား၁၀နာရီလောက်မောင်းခဲ့၍
ပင်ပန်းကာ ဒီအချိန်ထိအိပ်ပျော်နေခြင်း
ဖြစ်မည်။ chanyeolပင် အခန်းထဲမရှိတော့။
sj မျက်နှာသစ်ပြီး မနက်စာနဲ့နေ့လည်စာပေါင်းစားဖို့ထွက်လာခဲ့သည်။ sj အခန်းတံခါးပေါက်
ဖွင့်တော့ အပြင်မှာရပ်နေတဲ့ solarကို တွေ့လိုက်ရသည်။ solarက sjရဲ့နှုတ်ခမ်းကို နမ်းလိုက်ပြီး"morning မောင်"
"ချစ် ဘာလုပ်နေတာလဲ အခန်းထဲဝင်မလာပဲ"
"မောင်ကို နှိုးတော့မလို့ အခန်းရှေ့ရောက်နေတာ
ချစ်အခန်းတံခါးခေါက်မလို့ရှိသေး
မောင်ထွက်လာတာပဲ"
"ok သွားရအောင် ကိုလည်း ဗိုက်ဆာနေပြီ"sjနဲ့solar တစ်ယောက်ခါးတစ်ယောက်ဖက်ပြီး
နေ့လည်စာစားရန် ထွက်လာခဲ့သည်။ sjတို့
စားသောက်ခန်းထဲဝင်တော့ ဂျွန်တို့သူငယ်ချင်းတွေနဲ့ sjတို့ သူငယ်ချင်းတွေ ဝိုင်းထိုင်ကာ
ပျော်ပျော်ရွှင်ရွှင်စကားတွေပြောကာ စားသောက်နေသည်ကို တွေ့လိုက်ရသည်။ ဂျွန်က sjတို့အတွဲဝင်လာတာမြင်တော့ နေရာမှထကာ မတ်တပ်ရပ်လိုက်ပြီး"ဦးငယ်နဲ့noonaနိုးပြီလား လာလေ
ဂျွန်တို့ဝိုင်းကို"sjက စားပွဲဆီလာဖို့ပြင်တော့ solarက sjလက်ကို လှမ်းဆွဲလိုက်ပြီး
"မောင် ချစ်တို့ပဲ တစ်ဝိုင်းသက်သက်စားရအောင် အေးအေးဆေးဆေး"
sj သူ့ချစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ခေါင်းငြိမ့်ပြလိုက်သည်။
sj ဂျွန်ကို လှမ်းကြည့်ကာ"ဂျွန် ဦးငယ်တို့ သက်သက်ပဲစားလိုက်တော့မယ်"
ဂျွန် မျက်နှာပျက်သွားသော်လည်း ချက်ခြင်းပြင်လိုက်ပြီး sjကို ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
ဂျွန် sjတို့အတွဲတခြားစားပွဲကို သွားသည်ကို လိုက်ကြည့်နေတော့ chanyeolက ဂျွန်လက်ကိုဆွဲကာ ထိုင်စေပြီး"joonie သူတို့က နဂိုကတည်းက သီးသန့်စားနေကြ ဂရုစိုက်မနေနဲ့ ကိုယ့်ဘာသာစား စားပြီး
ခဏနားပြီးရင် ရေထဲဆင်းရအောင်လို့ ရော့
ဒါလေးစား ဒါလေးကောင်းတယ်"chanyeol သူ့ပန်းကန်ထဲက အသားကို
ဂျွန်ပန်းကန်ထဲ ထည့်ပေးသည်။ ဂျွန်
စားလိုက်ပြီး chanyeolကိုကြည့်ကာ
YOU ARE READING
ချစ်သော ဦးငယ်
Fanfictionဂျွန် ဦးငယ်ကို အရမ်းချစ်တယ် ဒါ...ဒါပေမယ့် ဦးငယ်နှလုံးသားထဲမှာ ဂျွန့်အတွက်နေရာဆိုတာ မရှိတော့ ဂျွန့်ရဲ့အချစ်တွေကို သိမ်းထားမယ်လို့ ဆုံးဖြတ်ထားတယ် ဦးငယ် ဦးငယ်ပျော်ရွှင်ဖို့က အဓိကပါပဲ start-4/10/22 end -???