အပိုင်း[၂၃]

193 21 2
                                    

ညစာစားပြီး အခန်းပြန်ရောက်တော့ ဂျွန် ကုတင်ပေါ်၌ ပက်လက်လှန်ရင်း sjပေးတဲ့ ကီးချိန်းလေးကို သေသေချာချာ ကြည့်နေမိသည်။ jm
ဂျွန့်ဘေးဝင်ထိုင်လိုက်ပြီး

"joonie ကီးချိန်းလေးဘယ်တုန်းက ဝယ်လိုက်တာလဲ ချစ်စရာလေး”

jmအမေးကြောင့် ဂျွန့်မျက်နှာပန်းရောင်သန်းကာ
ပြုံးလိုက်မိသည်။

"ဘာတုန်း chanyeol hyungက ဝယ်ပေးတာလား”

ဂျွန် ခေါင်းရမ်းပြတော့ jmမျက်ခုံးတစ်ဖက်ပင့်ကာ

"အဲ့ဒါဆို ဘယ်သူတုန်း”
"ဦးငယ်……”
"sj hyung??”

ဂျွန် ခေါင်းငြိမ့်ပြသည်ကို jmမျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။ jmရဲ့ အကြည့်ကို
ဂျွန် သတိထားမိ၍ jmကို ကြည့်ကာ

"ဦးငယ်က လက်ဆောင်အနေနဲ့ဝယ်ပေးတာပါ
minnieရဲ့”
"ဒါပေမယ့် ဂျွန်…”
"ဂျွန် သိပါတယ် jm အဲ့ဒါတွေ အခုပြောလို့မရ
ဘူးလား ဒီတိုင်းလေး ဂျွန်ပျော်ပါရစေ”

ဂျွန့်ရဲ့မျက်နှာလေး ငြိုးကျသွားသည်ကို jm
ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ ဂျွန်
နာကြင်မှာ စိုး၍ jmတားနေမိသော်လည်း
အခုလိုကျ jm မခံစားနိုင်။ ဂျွန့်ရဲ့ ခန္ဓာကိုယ်လေးကို ဆွဲပွေ့လိုက်မိသည်။ ဂျွန့်ရဲ့ခန္ဓာကိုယ်ရော အရပ်ရောက jmထက်ပိုသော်လည်း jm
အတွက်မူ ဂျွန်က ကလေးတစ်ယောက်သာသာဖြစ်သည်။ ဂျွန့်ရဲ့ ဆံပင်တွေထဲ လက်နဲ့ထိုးဖွကာ

" ဂျွန့်ကို စိတ်မဆင်းရဲစေချင်လို့ပြောမိတာပါ minnie တောင်းပန်ပါတယ်”

ဂျွန် မော့မကြည့်ပဲ jmရင်ခွင်ထဲကနေ ခေါင်းရမ်းပြကာ

"တောင်းပန်စရာမလိုပါဘူး minnieက
ဂျွန်ကောင်းစေချင်လို့ပြောတာနားလည်ပါတယ်”

ဂျွန် မျက်ခွံများလေးနေပြီဖြစ်၍ စကားက ဗလုံးဗထွေးဖြင့်သာ ထွက်လာသည်။
ဂျွန် အိပ်ပျော်ပြီမှန်းသိတော့ jkနဲ့taeလည်း
မကစားတော့ပဲ အကုန်လုံး အိပ်ခဲ့ကြတော့သည်။

မနက်ခင်းကြ တစ်ဖွဲ့လုံး မြို့အနှံ့လျောက်သွားကြသည်။ dongmun marketသွားကာ စျေးရှိ
အစားအသောက်များကို ပတ်ကာစားကြသည်။
အစားအသောက်များက ကောင်း၍ နာမည်ကြီးသောစျေးဖြစ်သည်။ ထို့နောက် ပန်းခြံဘက်သွားကာ ရေခဲမုန့်စား၍ လျှောက်ကြည့်ဖြစ်ကြသည်။
ကျန်သည့်ရက်များကိုလည်း ပြတိုက်၊ ရေတံခွန်
နဲ့တောင်တတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဂျယ်ဂျူဒိုရှိ ကုန်တိုက်ကို သွားပြီး အပြန်လက်ဆောင်သက်သက်ဝယ်ကြသေးသည်။
accessoriesရောင်းတဲ့ဆိုင်၌
ဂျွန်ရဲ့သူငယ်ခြင်းများနဲ့အတူ ဂျယ်ဂျူဒိုအမှတ်တရ ဆင်တူအင်္ကျီလေးများဝယ်ခဲ့ကြသေးသည်။ ဂျွန် သူငယ်ချင်းတွေဘက်လှည့်
ကြည့်တော့ တခြား ပစ္စည်း တွေကို ကြည့်နေကြသဖြင့် ဂျွန်ကိုယ်တိုင်လည်း ဂျွန်သဘောကျမည့် အရာလေးများရှိမလားဟု လိုက်ကြည့်နေမိသည်။ထိုစဥ် တစ်စုံတစ်ရာက ဂျွန့်ရဲ့အမြင်အာရုံကို ဖမ်းစားမိသည်။

ချစ်သော ဦးငယ်Where stories live. Discover now