ဂျွန် ဦးဦးနဲ့အိမ်ပြန်ရောက်တော့ ဦးငယ်အိမ်ပြန်မရောက်သေးပေ။ ဂျွန် ရေချိုးကာ အဝတ်အစားပေါ့ပေါ့ပါးပါးပဲဝတ်ပြီး တစ်ရေးအိပ်လိုက်သည်။ အိပ်ယာနိုးတော့ နာရီကြည့်ကာ စာအုပ်ယူ၍
အိမ်အောက်ဆင်းလာခဲ့သည်။ ဂျွန် ဆိုဖာ၌ထိုင်ရင်း စာကြည့်နေလိုက်သည်။ ခဏကြာတော့ ကားသံကြား၍ ဂျွန်နေရာမှထကာ တံခါးသို့
ပြေးသွားတော့ ဦးငယ် ကားပေါ်က ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ဂျွန် ဦးငယ်ဆီက အိတ်ယူလိုက်ကာ"ဦးငယ် ပြန်လာပြီလား အလုပ်မှာ အဆင်ပြေတယ်မလား”
"အင်း ဂျွန်ရော စာမေးပွဲဖြေနိုင်ရဲ့လား”
"ဖြေနိုင်တာပေါ့ ဦးငယ်ရ ဂျွန့်ကို စာမေးပွဲဖြေနိုင်လားနဲ့ပတ်သတ်ပြီး မေးစရာကို မလိုတာ”ဂျွန့် အဖြေကို ဦးငယ်က သဘောကျစွာ ရယ်လိုက်ပြီး
"ဟုတ်ပါပြီ စာမေးပွဲတွင်းတော့ ဦးငယ်ကို လာမကြိုလည်း ရတယ် ဂျွန် စာကျက်ချင်ကျက်ရအောင်”
"ရပါတယ် ဦးငယ်ရဲ့ ဂျွန်က လုပ်ပေးချင်လို့ကို လုပ်ပေးတာ”
"အေးပါ အဲ့တာဆိုဦးငယ် မတားတော့ဘူး ဂျွန်က ကြာလေပိုချစ်စရာကောင်းလေပဲ”ဦးငယ်က ရယ်ပြီး ဂျွန့်ဆံပင်ကို လက်နဲ့ဖွကာ အိမ်ပေါ်ထပ်သို့ တတ်သွားသည်။ ဂျွန်တစ်ယောက်တည်း နေရာမှာ မျက်နှာက နီရဲကာ ကျန်နေခဲ့တော့သည်။ ဂျွန် ဦးငယ်ရဲ့အိတ်ကိုချပြီး ဂျွန်ရဲ့ဗိုက်ကို လက်နဲ့ပိုက်လိုက်သည်။
ဘာကြောင့်လဲဆိုတော့ ဂျွန့်ရဲ့ဗိုက်ထဲမှာ လိပ်ပြာလေးတွေပျံနေတာ မရပ်တော့၍ပင်။"ဦး…ဦးငယ်က ဂျွန့်ကို ချစ်စရာကောင်းတယ် ပြောသွားတယ်”
ဂျွန်တစ်ယောက်တည်းရေရွတ်ကာ ပြုံးနေမိသည်။ ကြီးကြီး ဂျွန့်ဘေးရောက်နေသည်ကိုပင်
မသိလိုက်ပေ။"နမ်ဂျွန်”
"အား ကြီး…ကြီးကြီး”ဂျွန်ဘေးကပ်ပြီးပြောလိုက်သောကြီးကြီးကြောင့် ဂျွန့်လိပ်ပြာထွက်မတတ်လန့်သွားသည်။
"ကြီးကြီး ဂျွန့်ကို အသံလေးဘာလေးပေးပါဦး ဂျွန်လန့်သွားတာပဲ”
"ဂျွန့်ကို ခေါ်သားပဲ ဂျွန်ကဖြင့်မကြားဘဲနဲ့ တစ်ယောက်တည်းပြုံးပြီး စကားတွေပြောနေတာ
ဘာတုန်း ချစ်စရာကောင်းတယ်ဆိုလား ပြီးတော့ မျက်နှာကလည်း ရဲစပ်နေတာပဲ နေရောကောင်းရဲ့လား”
YOU ARE READING
ချစ်သော ဦးငယ်
Fanfictionဂျွန် ဦးငယ်ကို အရမ်းချစ်တယ် ဒါ...ဒါပေမယ့် ဦးငယ်နှလုံးသားထဲမှာ ဂျွန့်အတွက်နေရာဆိုတာ မရှိတော့ ဂျွန့်ရဲ့အချစ်တွေကို သိမ်းထားမယ်လို့ ဆုံးဖြတ်ထားတယ် ဦးငယ် ဦးငယ်ပျော်ရွှင်ဖို့က အဓိကပါပဲ start-4/10/22 end -???