အပိုင်း[၃၂]

122 8 2
                                    

jmရဲ့အိမ်၌;

ဂျွန် အိပ်ယာနိုးတော့ ကိုယ်အပူချိန်ရော
ကိုက်ခဲတဲ့နေရာတွေပါမရှိတော့ပေ။
မနေ့ကနဲ့မတူစွာ လူက ပေါ့ပါးလို့နေသည်။
ကုတင်ဘေး စားပွဲပေါ်ရှိ ဖုန်းကိုယူကြည့်တော့ မနက်ခင်းပင်ရောက်နေပြီဖြစ်သည်။
chanyeol hyungကို ကျေးဇူးတင်ရမည်။
hyungပြုစုပေးခဲ့လို့ ဂျွန်အခု နေကောင်းလာချင်းပင်။နောက်မှ ဖုန်းဆက်ကာ chanyeol
hyungကို ကျေးဇူးတင်ရမည်။
well...ဒီနေ့တောင် chanyeol hyung
သူ့ဆီလာလိမ့်ဦးမည်ဟု ဂျွန်တွေးမိသည်။
ဖုန်းထဲက missed callတွေကို မြင်ရတော့
မျက်လုံးများပင် ပြူးသွားခဲ့သည်။
ဘွားဘွားကြီးဆီကပင်...
ဘာလို့များဘွားဘွားကြီးက ဂျွန့်ဆီဖုန်းခေါ်တာပါလိမ့်... ဂျွန့် sj hyungနဲ့အိမ်မှာ
မရှိတာကိုများ သိသွားလို့များလားပဲ...
ဘွားဘွားတို့ ဂျွန့်ကို စိတ်ဆိုးသွားမလားဆိုသောအတွေးက ဂျွန့်ကိုစိတ်ပူစေသည်။
နာရီကိုကြည့်တော့ ကျောင်းချိန်နီးနေပြီ
ဖြစ်၍ ကျောင်းသွားဖို့ပြင်ဆင်ရန် ထတုန်း
jm အခန်းထဲသို့ဝင်လာခဲ့သည်။

"joonie နိုးပြီလား ဘယ်လိုနေသေးလဲ"
"သက်သာပါတယ် အခု တော်တော်လေးကို
နေလို့ကောင်းသွားပြီ ပုံမှန်အတိုင်းပဲ"
"ဒါက ဘယ်ကိုသွားမလို့လဲ"

ကုတင်ပေါ်ကနေ ဆင်းဖို့ပြင်နေတဲ့ ဂျွန့်ကို
ကုတင်ပေါ်ထိုင်စေရင်း မေးလိုက်သည်။
ဂျွန် jmကို ကြည့်ရင်း
"ကျောင်းသွားမလို့လေ minnie"
"မနေ့ကမှ မေ့လဲမလိုဖြစ်အောင်ထိ နေမကောင်းဖြစ်ထားတာလေ ဂျွန်ဒီနေ့နေမကောင်းလို့ ကျောင်းမလာဘူးလို့
minnieခွင့်တိုင်ပြီးပြီ"
"ဟင်... minnieကလည်း ဂျွန်သက်သာနေပြီကို"
"မရပါဘူး ဒီနေ့ ဂျွန်နားကိုနားရမယ်
chanyeol hyungက သူလာပြီး ဂျွန့်ကို
စောင့်ပေးမယ်တဲ့"
jmစကားကြောင့် ဂျွန်မျက်လုံးများပင်ပြူးသွားရသည်။
"minnieကလည်း အားနာစရာကြီး
chanyeol hyungက အလုပ်တွေနဲ့ကို
ဂျွန့်ကြောင့်အလုပ်ပျက်နေမှဖြင့်
ပြီးတော့ ဂျွန်လည်း အခုနေကောင်းနေပြီကို
ကျောင်းကိုလိုက်ခဲ့မယ်နော် minnie...
နော်လို့..."

မျက်လုံးလေးကိုဝိုင်းကာ ချစ်စရာကောင်းအောင်လုပ်ပြီး jmကိုကြည့်ကာ တောင်းဆိုမိသည်။

ချစ်သော ဦးငယ်Where stories live. Discover now