နောက်ဆုံးဝင်လာတဲ့ sjတို့မြင်းကို ကြည့်ပြီး
အကုန်လုံးအံ့အားသင့်ကုန်ကြတော့သည်။
ထို့အတူ ထိန်းမရအောင် မျက်နှာပျက်နေသော chanyeolကိုကား ဘယ်သူမှသတိမထားမ
ကြပေ။ jm ဂျွန်တို့မြင်းနားပြေးသွားကာ"joonie ဘယ်လိုဖြစ်လို့ sj hyungနဲ့အတူ
စီးလိုက်ရတာတုန်း”ဂျွန် မြင်းပေါ်ကဆင်းတော့ jmက ဂျွန့်ရဲ့လက်ကို
ဆွဲကာ jkနဲ့thတို့ရှိရာဆီကို လျှောက်သွားခဲ့သည်။
ဂျွန်ဘာမှမပြောနိုင်ပဲ jmခေါ်တဲ့နောက်ကို
ပါသွားခဲ့သည်။ sjကို လှည့်မကြည့်ဖြစ်ပေ။
sj ဂျွန်ရဲ့လက်ကို အတင်းဆွဲသွားသော jmကို
ကြည့်ပြီး ဂျွန့်ကို ပြန်ဆွဲထားချင်စိတ်ကို
အတင်းထိန်းချုပ်ထားခဲ့ရသည်။ဂျွန် သူငယ်ချင်းတွေနားရောက်တော့
"ဂျွန် စီးမယ့်မြင်းက ခြေထောက်နာသွားလို့လေ
နောက်ထပ် မြင်းကလည်းမကျန်တော့ ဦးငယ်နဲ့
အတူစီးဖြစ်သွားတာလေ ဦးငယ်စီးတဲ့မြင်းကလည်း နှစ်ယောက်စီးရတာ အဆင်ပြေတော့
စီးဖြစ်သွားတာပါ ဒါပါပဲ”jkနဲ့thကတော့ ဘာမှမပြောသော်လည်း jmကတော့ ဂျွန့်စကားကို ဘဝင်မကျပေ။
သို့သော် ဘာမှမပြောပဲ ၄ယောက်သား ကားဆီ
သို့လျှောက်လာပြီး ဝင်ထိုင်ခဲ့ကြသည်။
ဂျွန် jmတို့ကားနဲ့ပဲ လိုက်လာခဲ့ကာ ကားနောက်ခန်း၌ လေးယောက်ကပ်ထိုင်ခဲ့ကြသည်။ အကြောင်းအရင်းအတိအကျကိုတာ့ သေချာမသိ။ ဂျွန် ဦးငယ်နဲ့chanyeol hyungအပြင်
solar nonnaနဲ့ပါ မျက်နှာချင်းမဆိုင်ချင်၍
ဖြစ်နေ သည်။ ကျန်တဲ့သူတွေက ဘာမှမမေး
သဖြင့် ဂျွန် စိတ်သက်သာရာရမိသည်။ ဂျွန်တို့ကား၌ အငယ်လေးယောက်သား စကားတစ်
ပြောပြောဖြင့် ဆူညံနေခဲ့သည်။sjတို့ကားရှိရာ၌ သုံးယောက်လုံးတစ်ခွန်းမှ
မပြောပဲ တင်းမာနေခဲ့သည်။ chanyeolရော solarပါ သူ့ကိုပဲ တကြည့်ကြည့်ဖြစ်နေသည်ကို sjသတိထားမိသည်။"ချစ် ဘာပြောစရာရှိလို့တုန်း…”
sjအမေးကြောင့် solarခေါင်းရမ်းပြပြီး
"ဘာမှမပြောပါဘူး သဘက်ခါပြန်ရတော့မှာ
တွေးမိပြီး ဝမ်းနည်းမိလို့ပါ”
"သြော် ဝမ်းနည်းမနေပါမဲ့ နောက်ကျတော့
မောင်စီစဥ်ပေးမှာပေါ့ ဟိုတစ်နေ့က ချစ်ပြော
တဲ့အတိုင်း မောင်နဲ့ချစ်နှစ်ယောက်တည်းလေ”
YOU ARE READING
ချစ်သော ဦးငယ်
Fanfictionဂျွန် ဦးငယ်ကို အရမ်းချစ်တယ် ဒါ...ဒါပေမယ့် ဦးငယ်နှလုံးသားထဲမှာ ဂျွန့်အတွက်နေရာဆိုတာ မရှိတော့ ဂျွန့်ရဲ့အချစ်တွေကို သိမ်းထားမယ်လို့ ဆုံးဖြတ်ထားတယ် ဦးငယ် ဦးငယ်ပျော်ရွှင်ဖို့က အဓိကပါပဲ start-4/10/22 end -???