အပိုင်း[၇]

253 33 2
                                    

ဂျွန် ကျောင်းတတ်ရမည့် အချိန်ရောက်ပြီဖြစ်၍ ဦးဦးရဲ့ကားနဲ့အတူကျောင်းသို့ထွက်လာခဲ့သည်။
ဂျွန် ဦးဦးတို့နှင့်အတူနေနေတာ အခုဆို ၂နှစ်နီးနီးပင် ရှိပြီဖြစ်သည်။ ဂျွန်နောက်တစ်နှစ်ကျောင်းတတ်ပြီးလျှင် အထက်တန်းပြီးကာ တက္ကသိုလ်ပင်တတ်ရတော့မည်။

ဂျွန်ရော ဦးဦးရောကျောင်းအတူတူဖြစ်၍ သွားရလာရအဆင်ပြေသည်။ ကျေားကို အမြဲ ဦးဦးကားနဲ့ပဲ သွားဖြစ်သည်။ ဂျွန်ကျောင်းတတ်ရတာ ပျော်သည်။ ဂျွန်ကကျောင်း၌ စာတော်၍ လူချစ်လူခင်ပေါသည်။

ထို့အပြင် အချစ်ဆုံးသူငယ်ချင်း၃ယောက်ပါ
ရှိနေပြီ ဖြစ်သည်။ ဂျွန်မနှစ်က ကျောင်းစတတ်တော့ အတန်းထဲ၌ တစ်ယောက်တည်းယောင်လည်လည်ဖြစ်နေတုန်း
ကောင်လေး၂ယောက်က ဂျွန့်ဆီယောက်လာပြီး လာနှုတ်ဆက်သဖြင့် အဲ့ဒီနေ့က ဂျွန်အတွက် seoul၌ ပထမဆုံးသူငယ်ချင်းရှိလာခဲ့သည်။

နောက်နေ့၌ ထိုသူငယ်ချင်းနှစ်ယောက်နဲ့အတူ
ယုန်သွားလေးများဖြင့် ချစ်ဖို့ကောင်းသော ကောင်လေးတစ်ယောက်ပါပါလာပြီး ဂျွန် နောက်ထပ်သူငယ်ချင်းတစ်ယောက်တိုးလာခဲ့သည်။ စာသင်နှစ်တစ်နှစ်လုံး သွားအတူ
စားအတူဖြစ်ခဲ့ကြသည်။

ဂျွန်တို့၄ယောက်က ကျောင်း၌ အချိန်ပြည့်
တပူးပူးတတွဲတွဲဖြစ်သည်။ ၄ယောက်လုံးက
စာတော်သည်။ ကျောင်း၌ ဂျွန်တို့ ၄ယောက်လုံးက ကျောင်းသူ/သားများကြားနာမည်ကြီးကြသည်။ဂျွန်စဥ်းစားနေတဲ့အချိန်တွင်း ကားကကျောင်းကို ရောက်နေပြီဖြစ်သည်။
ဂျွန်တို့ကျောင်းကိုရောက်တော့ jiminတို့က
ဂျွန်တို့ကားရှိရာသို့ပြေးလာကြသည်။

"joonie”
"joon hyung”
"namjoonie”

ဂျွန်လက်ပြန်ရမ်းပြပြီး

"ဦးဦး ဂျွန်သွားပြီနော်”

ဂျွန် ဦးဦးအပြောကို မစောင့်ဘဲ သူငယ်ချင်းတွေဆီပြေးလာခဲ့သည်။jiminနဲ့taeက ဂျွန်နဲ့အတန်းတူ၍ jungkookက ဂျွန်တို့ထက် တစ်တန်းငယ်သည်။

"minnie,tae tae,kookie ရောက်တာမစောဘူးလား”
"မစောပါဘူး  ဒီနေ့သက်သက်joonieကိုစောင့်နေတာ”
"ဟင် ဘာဖြစ်လို့တုန်း”
"happy birthday”

ချစ်သော ဦးငယ်Where stories live. Discover now