အပိုင်း[၁၇]

173 28 0
                                    

"ဂျွန်…နမ်ဂျွန်”

ဂျွန့်ပုခုံးကို သာသာယာယာလှုပ်နှိုးလိုက်မှုနဲ့
အတူ ဂျွန့်အိပ်နေရာမှ နိုးလာခဲ့တော့သည်။
ဂျွန်ဝေးဝါးနေသော မျက်လုံးများကြောင့် မျက်တောင်ရှည်များကို မြန်မြန်ပုတ်ခတ်လိုက်မိသည်။ ဂျွန့်ကို ငုံ့မိုးကြည့်နေသော chanyeol hyungကြောင့် ဂျွန်မျက်နှာလေး နွေးခနဲဖြစ်သွားရသည်။ ဂျွန် ဘယ်တုန်းကတည်းက hyungပေါင်ပေါ် ခေါင်းအုံးပြီးအိပ်ပျော်နေတာ
ပါလိမ့်။ ဂျွန် မြန်မြန်ထလိုက်ပြီး

"hyung ရောက်ပြီလား ဂျယ်ဂျူဒိုကို”
"အင်း ရောက်ပြီ အခုပဲရောက်တာ”

ဂျွန် ကားပေါ်မှ မြန်မြန်ဆင်းလိုက်တော့
ပင်လယ်ရဲ့လတ်ဆတ်တဲ့လေနဲ့အတူ တစ်ကိုယ်လုံးချမ်းစိမ့်စိမ့်ဖြစ်သွားကာ လက်ကို တင်းတင်းကြပ်ကြပ် ပိုက်ထားလိုက်မိသည်။ အင်းလေ
ညရောက်နေပြီဆိုတော့ အေးနေမှာပေါ့။

"joonie…”

jiminတို့သုံးယောက် ဂျွန့်ဆီကို ခုန်ပေါက်ပြေးလာတော့ ဂျွန်သူတို့ကို ကြည့်ကာ ပင်လယ်ဘက်ပြန်လှည့်ကြည့်လိုက်မိသည်။

"joonie hyung ဘာဖြစ်လို့ စူပုတ်နေတာလဲ
မပျော်ဘူးလား”

ဂျွန် ခြေထောက်တစ်ဖက်ကို ဆောင့်လိုက်ပြီး

"မပျော်လို့မဟုတ်ပါဘူး ညရောက်နေပြီလေ
အခု ပင်လယ်ထဲဆင်းမရတော့ဘူး ပြီးတော့
ဂျွန်က ဂဏန်းလိုက်ရှာချင်တာကို”

ဂျွန့် ပုံစံကို ကြည့်ကာ ရယ်လိုက်ကြပြီး

"tae တို့က ဘာများဖြစ်လို့လဲလို့ မနက်ဖြန်ကျ joonieလုပ်ချင်သမျှအကုန်လုပ်ပေးမယ်
ဟုတ်ပြီလား”

ဂျွန် စိတ်ထဲသိပ်မကျေနပ်သော်လည်း
ခေါင်းငြိမ့်ပြလိုက်သည်။ ဂျွန့်ခန္ဓာကိုယ်လေးနွေးခနဲဖြစ်သွားသဖြင့် ကြည့်လိုက်တော့ chanyeol hyungက သူ့အနွေးထည်ကို ဂျွန့်အပေါ်ခြုံပေးလိုက်ခြင်းဖြစ်နေသည်။

"hyung…hyungအေးနေမှာပေါ့ အနွေးထည်ကို ဂျွန့်ပေးတော့”

ဂျွန် အနွေးထည်ကို ပုခုံးပေါ်က ဖယ်ဖို့ပြင်တော့ chanyeolက ဂျွန့်လက်ပေါ်ကနေ ဆုပ်ကိုင်လိုက်ပြီး

ချစ်သော ဦးငယ်Where stories live. Discover now