အပိုင်း[၁၉]

207 22 3
                                    

"နမ်ဂျွန်က တော်တော်ကြည့်ကောင်းတာပဲ
သူ့ခန္ဓာကိုယ်ကအစတော်တော်လှတယ်နော်
sjအိမ်သွားတည်းက သတိတော့ထားမိတယ်
ဒါပေမယ့် အခုက ပိုပြီးတော့ကို လှနေတာ"

hs njကို အကြည့်မပျက်ပဲပြောလိုက်တဲ့စကားကြောင့် sj hsကို မျက်စောင်းထိုးလိုက်မိသည်။
hsက သိသော်လည်း မသိချင်ယောင်ဆောင်ကာ

"နမ်ဂျွန် ငါနဲ့yoongနဲ့ ဆက်ဆံရေးကြားဝင်မယ်ဆို လက်ခံမိမှာ ဟုတ်တယ်မလား yoon"

ygက စပ်ဖြဲဖြဲဖြင့် sjကို ကြည့်ကာ ခေါင်းငြိမ့်
ပြလိုက်သည်။ sj အခု သူ့တူအချောလေးရမှ သဝန်တွေတိုနေတာ။ ချစ်သူဖြစ်တဲ့ solarကိုတောင် ဒီလိုသဝန်တိုတာမျိုးတစ်ခါမှမမြင်ဖူးသေး။ အေးပေါ့ နမ်ဂျွန်ကလည်း သဝန်တိုချင်စရာပဲ။ အခုထိ ကမ်းခြေမှာရှိတဲ့လူတိုင်းက
နမ်ဂျွန်ရေဆော့နေတဲ့ဘက်ကို ကြည့်နေတုန်း
ကို မြင်နေရသည်။ sj စကားပြောဖို့ပြင်တော့ solarက sjလက်ကိုဆွဲလိုက်ပြီး

"မောင့်သူငယ်ချင်းတွေက စနေတာ ပြောမနေနဲ့
ချစ်ကို sun creamလိမ်းပေး"

sj ခေါင်းငြိမ့်ပြပြီး solarကို လိမ်းပေးနေလိုက်သည်။ သို့သော် ygနဲ့hsကို မျက်စောင်းတစ်ထိုးထိုးဖြင့်ဖြစ်နေတုန်းဖြစ်သည်။ ဒီနှစ်ယောက်နောက်မှ တွေ့မယ်ဟု sjတွေးထားလိုက်သည်။
ခဏကြာတော့ ygနဲ့hsလည်း ရေထဲဆင်းကာ
sjနဲ့solarသာ ကျန်နေခဲ့တော့သည်။ sjတို့နှစ်ယောက် ထီးအောက်၌သာထိုင်ကာ ရေဆော့နေတဲ့သူတွေကို ကြည့်နေမိသည်။

"အခုမှပဲ မောင်နဲ့နှစ်ယောက်အတူတူခရီးထွက်ရတော့တယ် နောက်ကျရင်လည်း ချစ်နဲ့နှစ်ယောက်တည်း ခရီးအတူတူထွက်ရအောင်နော်"

sj သူ့လက်ကို လာဆုပ်လိုက်တဲ့ solarရဲ့လက်ကိုကြည့်ပြီး

"ကိုက အလုပ်တွေရှိသေးတယ် ချစ်ရဲ့ အခု
ဒီခရီးထွက်လာတာတောင် နောက်မှာ
အလုပ်တွေပုံနေပြီ"

ဒါ sj အမှန်ကို ပြောလိုက်ခြင်းဖြစ်သည်။
နဂိုက ခရီးသွားဖို့က sjရဲ့အစီအစဥ်ထဲမရှိ။
နမ်ဂျွန်တို့ အငယ်တွေပဲ ခရီးသွားမှာကို
သူ့အကိုက ကြည်ကြည်ဖြူဖြူဖြင့် လွှတ်နေ
သဖြင့် အဲ့နေ့က sjခရီးသွားမည်ဟု မစဥ်းစားပဲ ပြောလိုက်မိချင်းဖြစ်သည်။ ygရော hsရော sjခရီးသွားမည်ပြောတော့ တအံ့တသြဖြစ်
နေကြသည်မှာ အချိန့တော်တော်ကြာသည်
အထိပင်။

ချစ်သော ဦးငယ်Where stories live. Discover now