[Unicode]
အရက်မူးချိန် အဓိပ္ပာယ်မရှိတာတွေထပ်ပြောမှာ စိုးလို့ ရှင်းလီရွှမ် သူ့ကို တစ်ဝက်လောက်ထိန်းပြီး ကားထဲမှထုတ်လိုက်သည်။ပြီးတော့ ဒရိုင်ဘာကို မြန်မြန်သွားဖို့ပြောလိုက်တယ်။ဒရိုင်ဘာထွက်သွားပြီးနောက် ဓာတ်လှေကားစောင့်ဖို့ ယွီအန်ထုန်ကိုကူပြီးမှ ရှင်းလီရွှမ် အသက်ရှူချောင်သွားတော့တယ်။
အရက်မူးနေချိန်မှာတော့ ယွီအန်ထုန် ရိုးသားနေပါတယ်။သူရဲ့မျက်လုံးတွေကစွတ်စိုပြီးကြင်နာမှုရှိနေပါတယ်။အခိုက်အတန့်လေးအနည်းငယ်မျက်လုံးစွေကြည့်လိုက်တော့ သူ့မျက်လုံးများတောက်ပသွားတယ်။ရှင်းလီရွှမ်ကို နူးညံ့စွာခေါ်လိုက်ပါတယ်" ယောကျာ်း"
ခေါ်ပြီးသွားပြီးနောက် သူ့မျက်နှာကို ရှင်းလီရွှမ်လက်မောင်းတွေထဲ ဝှက်လိုက်တယ်။သူရှက်နေတယ်လို့ ထင်ရပါတယ်။
" F**k ပဲ" ခေါ်သံကြောင့် ရှင်းလီရွှမ်မသက်မသာ ခံစားလိုက်ရတယ်။ သူ့လက်မောင်းထဲက ပူလောင်နေတဲ့ယွီအန်ထုန်မျက်နှာလေးက နွေရာသီဝတ်အင်္ကျီအပါးလေးကို ဖြတ်ပြီး သူ့ကိုလောင်ကျွမ်းသွားသလို သူ့ရင်ဘတ်ထဲ ထူးဆန်းစွာ ခံစားလိုက်ရတာကြောင့် အကူအညီမဲ့စွာ ကျိန်ပြောလိုက်တယ်။ယွီအန်ထုန်ရဲ့စကားကြားလိုက်ရတာ ပဆုပ်ပနီအသိုက်ကို ထိုးဖောက်လိုက်သလိုမျိုး ချက်ခြင်းစိတ်လှုပ်ရှား၊မူမမှန်ဖြစ်သွားစေမယ်လို့ သူဘယ်တော့မှမတွေးမိဘူး။" ယောကျာ်း ခင်ဗျားက လူကောင်းလား လူဆိုးလား၊ ခင်ဗျားကရိုးသားလွန်းတယ်၊ခင်ဗျားအရင်ကနမ်းဖူးတယ်မလား"နှုတ်ခမ်းအနမ်း။
ဓာတ်လှေကားတံခါးပွင့်သွားပြီး ၊နေထိုင်သူများက အောက်ဆင်းလာခဲ့တယ်။သက်လတ်ပိုင်းစုံတွဲကဓာတ်လှေကားမှထွက်လာခဲ့တယ်။ယောကျာ်းနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ဖက်ထားတာမြင်တော့ သူတို့ အံ့အားသင့်သွားတယ်။( နေထိုင်သူ=အဲ့ဒီအဆောက်အအုံမှာနေသူတွေကိုဆိုလိုချင်တာပါ)
သက်လတ်ပိုင်းစုံတွဲထွက်လာပြီးနောက် ရှင်းလီရွှမ်က ယွီအန်ထုန်ဓာတ်လှေကားထဲဝင်ဖို့ကူညီရင်း သူ့ခေါင်းပေါ် သွေးကြောပြာ ပေါ်လာပါတယ်။
YOU ARE READING
လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)
RomanceStatus in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆမှုကြောင့်သေရမယ်လို့တော့သူလုံးဝမထင်ထားဘူး။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာသက်တမ်းတိုတဲ့သူ့ဘဝကအဓိပ္ပာယ...