15.2

843 90 4
                                    

[Unicode]

"ပေါက်ကရမပြောပါနဲ့၊ငါသူ့ကိုကြိုက်တယ်ဆိုပေမဲ့ သူကလက်ထပ်ပြီးပြီလေ"

ဟန်လီလီ သူတို့စကားဝိုင်းကိုကြားနေရပြီး ယွီအန်ထုန်ကိုကြည့်လိုက်တယ်။

ယွီအန်ထုန် ယွင်ချင်းဆိုတဲ့ နာမည်ကိုနည်းနည်း ရင်းနှီးနေသလိုပဲ၊သူတစ်နေရာရာမှာကြားဖူးသလိုပဲ။

သူ့မျက်လုံးက ဟန်လီလီကို စကားပြောတာရပ်ဖို့အချက်ပြလိုက်ပြီး ခဏလောက်နားထောင်နေကြတယ်။

"လုပ်စမ်းပါ၊ငါ့ကိုအရူးလုပ်မနေနဲ့"ပိုင်ယင်း" ရှင်းလီရွှမ် မင်းကိုဝမ်းနည်းအောင်လုပ်မှာစိုးလို့ ငါမပြောတာ၊ရှင်းလီရွှမ်ရဲ့ မင်္ဂလာပွဲနေ့တုန်းက ငါ့အဖေနဲ့လိုက်သွားခဲ့တယ်၊ကျွတ် ကျွတ်၊ပွဲတစ်လျှောက်လုံး သူ့မျက်နှာကမဲမှောင်နေတာပဲ၊မျက်လုံးပါတဲ့သူတိုင်း သူလက်ထပ်ဖို့ဆန္ဒမရှိတာမြင်နိုင်တယ်"

"ငါပြောတာ‌နားထောင် သူတို့နှစ်ဝက်အတွင်းကွာရှင်းကြလိမ့်မယ်"ပိုင်ယင်းကဆက်ပြောတယ်"ငါကြားထားသေးတယ် ရှင်းလီရွှမ်က သိမိမွေ့၊သဘောထားကြီးပြီးစဉ်းစားချင့်ချိန်တက်တဲ့သူကိုသဘောကျတာတဲ့၊မင်းကိုပြောနေတာပဲမဟုတ်လား?"

ယွင်ချင်းစတင်တုန်လှုပ်သွားတယ်"မင်းပြေတာ အမှန်ပဲလား?"

"ငါမင်းကို ဘာလို့လိမ်ရမှာလဲ၊ငါမထင်မှတ်ဘဲ တိုက်ရိုက်ကြားခဲ့ရတာ"

ဒါက ရှင်းလီရွှမ် လက်ထပ်ပြီးနှစ်ရက်အကြာမှာဖြစ်တယ်၊ပိုင်ယင်းကဘားကိုကဖို့လာတာဖြစ်တယ်။ရှင်းလီရွှမ်နဲ့ရင်းနှီးတဲ့ ချီကျင်းယောင်၊ပေါင်းကျိနှင့် ဝေးကျဲကျွင်းတို့က ရှင်းလီရွှမ်ရဲ့ လက်ထပ်ပွဲကို ပြောနေကြတယ်။

ဘေးစားပွဲမှာ ထိုင်နေတဲ့ ပိုင်ယင်းက ပေါင်းကျိပြောနေတာကို တိုက်ရိုက်ကြားရတယ်"အချိန်ကုန်တာအရမ်းမြန်တာပဲ ၊ မျက်တောင်တစ်ခတ်အတွင်း လီရွှမ်တောင်လက်ထပ်သွားပြီပဲ"

"ဒီလက်ထပ်မှုက ကြာရှည်ခံမှာမဟုတ်ဘူး"ချီကျင်းယောင်ပြောလိုက်တယ်"စကားမစပ်၊မင်းတို့မှတ်မိကြသေးလား?ငါတို့ကောလိပ်တုန်းက လောင်ရှင်းကိုမူးအောင်တိုက်ပြီး သူဘယ်လိုလူမျိုးကြိုက်လဲမေးကြတယ်လေ"

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now