(13.1)

769 80 2
                                    

[Unicode]ကစားကွင်း၏အဓိကလမ်းသို့ရောက်သည်အထိ ယွီအန်ထုန် ရှင်းလီရွှမ်နောက်ပြေးလိုက်နေပြီး အနောက်ဘက်မှပုခုံးပေါ်ရုတ်တရက်ပုတ်ခံလိုက်ရသည်။

သူနောက်လည့်ကြည့်လိုက်ချိန် ကာတွန်းရုပ်အမျိုးမျိုးက စမ်းချောင်းရှည်ကြီးလိုနောက်ကလိုက်နေပြီး ဝဝကစ်ကစ်ပုံစံရှိသော"နှင်းလူသားလေး"စီမှ ဓာတ်ပုံရိုက်ခံလိုက်ရတယ်။

ပွဲတော်လှည့်လည်ခြင်းကစတင်ခဲ့ပြီ။

"ဝိုး အရမ်းမိုက်တယ်"ဒီလိုမြင်ကွင်းကြီးတွေမမြင်ဘူးတဲ့ ယွီအန်ထုန်ကတော့သူ့နှုတ်ခမ်းအနည်းငယ်ဟနေပြီး ဝတ္ထုထဲမှ ပျော်ရွှင်ဖွယ်အပြုမှုရှိတဲ့ နှင်းလူသားအားနှုတ်ဆက်လိုက်သည်။

အနောက်ဘက်မှာရှိတဲ့ လူပြက်က သူ့အား လက်ဝါးချင်းရိုက်ရန်ကမ်းပေးလိုက်တယ်ပြီးတော့ သူတို့နောက်မှာ တောင်ပံအကြီးကြီးပါတဲ့ နောက်ပြောင်တတ်သောနတ်သူငယ်အများကြီးရှိတယ်၊ယွီအန်ထုန် ကြည့်ကောင်းတာတွေ့တော့ သူတို့ဖြတ်သွားတဲ့အခါ သူ့ကိုလက်ရမ်းပြသွားကြတယ်။

ယွီအန်ထုန် ကောင်းမွန်တဲ့အချိန်လေးဖြစ်ခဲ့တယ်။

"ကိုကို ညီမဓာတ်ပုံရိုက်ပေးမယ်"ယွီအန်းနန်၏မျက်လုံးထဲ ဆန်းသစ်မှုအပြည့်နှင့်ဖြစ်နေတယ်။

"အတူတူသွားမယ်"ယွီအန်ထုန် သူ့ညီမကိုဖက်လိုက်ပြီး သူတို့နှင့်ခြေလှမ်းအနည်းငယ်ဝေးနေသော ရှင်းလီရွှမ်အားခေါ်လိုက်သည်"ယောကျာ်း ကျွန်တော်တို့ကိုကူပြီး ဓာတ်ပုံရိုက်ပေးပါဦး"

ရှင်းလီရွှမ်အိတ်ကပ်ထဲမှ သူ့ဖုန်းကိုထုတ်ပြီး အကိုနှင့်ညီမကိုဓာတ်ပုံအနည်းငယ်မြန်မြန်ရိုက်ပေးလိုက်တယ်"ရပြီ"

"နိုးနိုး ကျွန်တော့် ပို့စ်တောင်မပြီးသေးဘူး"ယွီအန်ထုန် မကျေမနပ်ပြောလိုက်တယ်"နည်းနည်းထပ်ရိုက်ပေးပါဦး"

"ပြဿနာတွေပဲ"ရှင်းလီရွှမ် မနှစ်မြို့စွာပြောလိုက်ပေမယ့် ဓာတ်ပုံဆက်ရိုက်ပေးဖို့သူ့လက်ကိုမြောက်လိုက်တုန်းပါပဲ၊တစ်ဒါဇင်ထက်ပိုတဲ့ဓာတ်ပုံတွေရိုက်ပြီး"‌ပြီးသွားပြီ"

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now