(9.2)

752 95 2
                                    

[Unicode]
ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်ခံရတော့၊သူတို့ထဲကအချို့က မင်းဘာပြောတယ် လုပ်တယ်ဆိုတာဘယ်လိုအထင်လွှဲခံရလဲနောက်ဆုံးသဘောပေါက်သွားတယ်။

ကျောက်ပန်  ဦးဆောင်ပြီးယွီအန်ထုန် ဘယ်လက်မောင်းကိုလွှတ်ဖို့ခွင့်ပြုလိုက်တယ်"ဒီလူတွေကညစ်ညမ်းတယ်၊ငါက24kလောက်ဖြောင့်တဲ့ယောကျာ်းပဲ!"

ဆန်းမင်လည်းပဲရှေ့သိုချက်ချင်းတစ်လှမ်းတိုးတယ်၊သာမန်ယောကျာ်းလေးအတန်းဖော်ကြားအကွာအဝေးခြားပြီး"မင်းတို့ကောင်တွေနဲ့ငါဘာဆက်ဆံစရာမှမရှိဘူး"

ယွီအန်ထုန်လက်မောင်းကိုကိုင်ပြီးဟန်လီလီအခွင့်အရေးယူလိုက်တယ်"အရေးကြီးတဲ့ချိန်မှာမင်းရဲ့စစ်မှန်မှုကိုကြည့်လိုက်၊ဘေဘီ၊ကြည့်လိုက်၊ငါသာမင်းကိုတစ်ကယ်ချစ်တာ၊ဒါကြောင့်သူတို့မပါပဲဟော့ပေါ့ကိုငါစားရလိမ့်မယ်"

လွန်ခဲ့တဲ့ရက်အနည်းငယ်က၊အိပ်ခန်းဖော်တွေကိုသူ့လက်စွမ်းပြဖို့ဆန်းမင်ရဲ့အိုးကို ယွီအန်ထုန်ငှားလိုက်တယ်၊သူတို့အ‌ဆောင်ကအစားကောင်းကြိုက်သူအချို့ကယွီအန်ထုန်ကိုလေးစားမှုအပြည့်ပဲ။

ယွီအန်ထုန်နဲ့သိပ်မရင်းနှီးဖို့သူ့အဖေပြောကြားထားတာကို ဟန်လီလီမေ့တာကြာလှပါပြီ"ပိတ်ရက်နှစ်ရက်မှာငါမင်းကိုမတွေ့မိဘူး။ငါနေ့တိုင်းစားရတာအရသာမရှိဘူး။ကြည့်လေငါဝိတ်တောင်ကျသွားပြီ"

သူ့ရဲ့ကလေးမျက်နှာလေးကို ယွီအန်ထုန်ဆိတ်လိုက်တယ်"ငါမမြင်မိပါဘူး"

တစ်ကယ်လို့တစ်ခြားယောကျာ်းလေးကသူလက်မောင်းကိုဖက်ပြီးသူ့ကိုဘေဘီလို့ခေါ်ရင် ယွီအန်ထုန်သေချာပေါက် သူ့ကိုအဝေးတွန်းထုတ်မှာပဲ၊ဒါပေမဲ့ ဟန်လီလီမှာချစ်စရာကောင်းတဲ့ကလေးမျက်နှာရှိပြီးအရပ်သိပ်မရှည်ဘူး။သူနဲ့ပတ်သက်ပြီးဘာမှမတွေးနိုင်ဘူး။

ထို့ပြင်၊ယွီအန်ထုန်ကဒဏ္ဍာရီလာဂေးလေ၊တစ်ခြားတစ်ယောက်ကလည်း0ဆိုတာအလိုလိုသိနေတယ်၊ဒါကြောင့်ဟန်လီလီသူ့ကိုဖက်တာသူအေးအေးဆေးဆေးလက်ခံတာဖြစ်တယ်၊ပြီးတော့တစ်ခြားတစ်ယောက်ကိုအပြည့်အဝညီအစ်မကောင်းလိုဆက်ဆံတယ်။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Onde histórias criam vida. Descubra agora