[Unicode]"လီလီ၊ငါမင်းမေးထားတာကိုမလုပ်နိုင်တော့မှာစိုးတယ်"
ဟန်လီလီ သောကရောက်နေသော သူငယ်ချင်း၏ ဖုန်းခေါ်ဆိုမှုကိုရရှိခဲ့တယ်"ဘာဖြစ်လို့လဲ?"
သူကူညီမယ်လို့ယွီအန်ထုန်ကိုသူကတိပေးထားတယ်။
သူငယ်ချင်းကပြောတယ်"ဒီဖြစ်ရပ်နဲ့ဆက်စပ်တဲ့ဘယ်ပိုစ့်ကိုမှမတင်ဖို့ငါတို့ကုမ္ပဏီကိုပြောခဲ့တယ်၊ဒီကိစ္စကိုဖိနှိပ်ချင်ပုံရတယ်၊ငါမေးကြည့်လိုက်တော့ ငါတို့ရဲ့ဥက္ကဌချီရဲ့အမိန့်တဲ့"
ဟန်လီလီ"မစ္စတာချီ၊ချီကျင်းယောင်လား?"
သူငယ်ချင်း"ဟုတ်တယ်လီလီ မင်းငါတို့သူဌေးကိုသိတယ်ပေါ့?videoထဲကလူရဲ့နောက်ခံကိုတော့ငါမသိဘူး၊ဒါပေမဲ့ငါတို့ဥက္ကဌကိုတိုက်ရိုက်ပြောတာနော်"
"မဟုတ်ဘူးငါသိတယ်"ဟန်လီလီပြောတယ်"အိုကေ ဒါကိုငါသိပြီ၊ဒီကိစ္စကိုမင်းစိတ်မပူနဲ့တော့၊မင်းကိုကျေးဇူးတင်တယ်၊နောက်နေ့ငါမင်းကိုညစာလိုက်ကျွေးမယ်ကွာ"
"ရပါတယ်ကွာ"
သူငယ်ချင်းရဲ့ဖုန်းကိုချပြီးနောက် ဟန်လီလီနှုတ်ခမ်းစူ၍ လိပ်စာစာအုပ်ကိုလှန်ပြီးချီကျင်းယောင်ကိုရှာလိုက်တယ်။
ဖုန်းခေါ်ပြီးတော့သူတုံ့ဆိုင်းသွားတယ်။
ဖုန်းကလျှင်မြန်စွာချိတ်ဆက်သွားပြီးချီကျင်းယောင်၏မထီမဲ့မြင်သံကထွက်လာတယ်။
"ဟေး၊သူငယ်ချင်းလေး နောက်ဆုံးတော့အစ်ကိုချီကိုခေါ်ဖို့သတိရပြီပေါ့"
သူ့အသံကိုကြားတာနဲ့ဟန်လီလီမျက်မှောင်ကြုံချင်သွားတယ်"ခင်ဗျားအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ"
ချီကျင်းယောင်ပြုံးပြီးပြောတယ်"စိတ်ရှုပ်ဖို့ကောင်းရင်ဘာလို့ခေါ်တာလဲ"
ဟန်လီလီ:"ခင်ဗျားနဲ့ပြောစရာရှိလို့၊ကျွန်တော်မေးမယ်၊ယွီအန်ထုန်ရဲ့hot searchကိုဘာလို့ဖယ်ခွင့်ပြုလိုက်တာလဲ၊ခင်ဗျားသူနဲ့ဘာဆက်ဆံရေးရှိလဲ?"
"မင်းဘယ်လိုသိတာလဲ?"ချီကျင်းယောင်ပြောတယ်"သဝန်တိုတာလား?"
…………………………………………
YOU ARE READING
လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)
RomanceStatus in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆမှုကြောင့်သေရမယ်လို့တော့သူလုံးဝမထင်ထားဘူး။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာသက်တမ်းတိုတဲ့သူ့ဘဝကအဓိပ္ပာယ...