[Unicode]
ဟန်လီလီ ယွီအန်ထုန်ကိုလာကြိုတော့ သူ့အဝတ်အစားကိုကြည့်လိုက်တယ်"မင်းရဲ့ပုံစံက..."
အံ့ဝင်ခွံကျဖြစ်နေတဲ့ ဝတ်စုံက လူကိုပိုပြီးတက်ကြွပုံပေါက်စေတယ်၊ဒါပေမဲ့ ဘားကိုဝတ်သွားဖို့တော့ မသင့်လျော်ဘူး။
ယွီအန်ထုန် သူ့အကြည့်ကိုမြင်တော့ မေးခွန်းကခေါင်းထဲဝင်လာတယ်"ငါအင်္ကျီ လဲဖို့လိုလား?"
"အဲ့ဝတ်စုံနဲ့တော့ သွားမပျော်နိုင်ဘူးလေ"ဟန်လီလီပြောပြီးတာနဲ့ ချက်ချင်းစကားပြောင်းပြီး ပြောလိုက်တယ်"တစ်ကယ်တော့ဒါလည်းကောင်းပါတယ်၊မင်းလေးနက်တဲ့ပုံဝတ်ထားတော့ လူတွေရဲ့စိတ်ကိုလွှမ်းမိုးဖို့ လွယ်တယ်၊မင်းဘားကိုဒါဝတ်သွားရင် မင်းနဲ့ဖလစ်ချင်တဲ့လူတွေအများကြီးရှိမှာပဲ"
ယွီအန်ထုန် ပြောလိုက်တယ် "ကောင်းပြီ ငါလဲလိုက်မယ်"
သူဘားသွား ပျော်ချင်လို့ပါ၊မက်မွန်ပန်းတွေကို ဆွဲဆောင်ဖို့မဟုတ်ဘူး။
"ကောင်းပြီလေ"ဟန်လီလီဝမ်းနည်းစွာပြောတယ်"ကားထဲဝင်လေ၊အရင်ဆုံး အဝတ်စားဖို့ဈေးဝယ်ထွက်မယ်"
တစ်စုံရွေးပြီးတော့ ၊ယွီအန်ထုန် အဝတ်လဲခန်းထဲဝင်ပြီး ပြန်ထွက်လာတယ်။
Vပုံစံလည်ပင်းအဟိုက်နဲ့ရှပ်အနက်ရောင်က သူ့အပေါ်ပိုင်းမှာ ဝတ်ထားတယ်။ရှပ်တစ်ထည်လုံးအနက်ရောင်ဖြစ်ပြီး ရှုပ်ထွေးတဲ့အဆင်တန်ဆာတွေမပါဝင်ဘူး၊ခါးပေါ်မှာသာ ဇီးနီရောင်ပန်းထိုးထားပြီး ယွီအန်ထုန် ရဲ့ သွယ်လျသောခါးကို ညို့ငင်မှုအပြည့်နဲ့ပြိုင်ဘက်ကင်းစေတယ်။
ယွီအန်ထုန် ရဲ့ အသားအရေကဖြူပါတယ်၊အနက်ရောင်ကိုဝတ်လိုက်တော့ သူ့အသားအရေကိုပိုပြီး ငယ်ရွယ်နုပျိုစေပါတယ်။Vပုံစံလည်ပင်းဒီဇိုင်းက သူ့ရဲ့ပြီးပြည့်စုံတဲ့ ညပ်ရိုးကို ဖော်ပြနေတယ်။
ဟန်လီလီရဲ့မျက်လုံးတွေက ရိုးသားပါတယ် ယွီအန်ထုန် အတွက် တစ်ဖြစ်နိုင်တယ်လို့တောင် သူခံစားရတယ်။
နောက်ထပ်ကတော့ လိပ်တင်ထားသော အနက်ရောင်ဘောင်းဘီ နဲ့ ဗြိတိန်စတိုင် လည်သာဖိနပ်အတိုကိုတွဲဖက်ထားပြီးခြေကျင်းဝတ်ကိုဖော်ထားတယ်။
ESTÁS LEYENDO
လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)
RomanceStatus in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆမှုကြောင့်သေရမယ်လို့တော့သူလုံးဝမထင်ထားဘူး။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာသက်တမ်းတိုတဲ့သူ့ဘဝကအဓိပ္ပာယ...