14.1

678 83 0
                                    

[Unicode]
ကျောက်စိမ်းခါးပတ်ခြောက်လပန်း၊ကျောက်စိမ်းခါးပတ်ကိုဆလတ်ရွက် အချပ်များဖြင့်အလှဆင်ထားတယ်၊ဒီဟင်းပွဲရဲ့သော့ချက်ကတော့ ခြောက်လပန်းကို လေ့ကျင့်ရန်ဖြစ်ပါတယ်။

ကျောက်ကျွင်းသည် ခြောက်လပန်းရဲ့ပါဝင်ပစ္စည်းများကို တစ်မီလီမီတာ အတုံးလေးများဖြစ်အောင် ရင်းနှီးစွာဖြတ်တောက်လျက်ရှိတယ်။သူမရဲ့ဓားစွမ်းရည်ကအလွန်ကောင်းမွန်ပြီးအများစုကိုအချိန်တိုအတွင်း ပြီးမြောက်ခဲ့တယ်။သို့သော်လည်း ယွီအန်ထုန်လည်းပါဝင်ပစ္စည်းများကိုဖြတ်တောက်ပြီး၍ အိုးထဲထည့်ပြီးပြီဆိုတာသတိပြုလိုက်မိတယ်၊ဟင်းချက်ဝိုင်၊ကြက်ဥအကာရည်၊ကော်ရည်နှင့်အခြားပါဝင်ပစ္စည်းများကို ထည့်မွှေ‌နေတယ်။

ဒါမဖြစ်နိုင်ဘူး! ယွီအန်ထုန်ရဲ့ဓားစွမ်းရည်က သူမထက်အလွန်မြန်နေတာကို သူမယုံကြည်နိုင်ဘူး။

ကျောက်ကျွင်း၏ အကြီးဆုံးအလုပ်သင်သည် ကူကယ်ရာမဲ့စွာဖြင့်ရှေ့သို့တစ်လှမ်းတိုးလိုက်တယ်၊သူတစ်ချက်ဝေ့ကြည့်လိုက်၍ပြုံးလိုက်သည်"ညီငယ်လေး မင်းငါ့ဆရာနဲ့ပြိုင်စရာမလိုတော့ဘူးထင်တယ်၊ခြောက်လပန်း မှိုနဲ့ အသားတွေကို အတုံးလိုက်အတစ်လိုက်ဖြတ်ထားတာပဲ၊လက်တစ်ဆုပ်စာထက်‌တောင်ကြီးနေတယ်၊အိမ်ပြန်ပြီး နှစ်အနည်း‌ငယ်လောက်မင်းဓားစွမ်းရည်ကိုလေ့ကျင့်လိုက်ပါဦး"

လက်တစ်ဆုပ်စာပိုကြီးနေတယ်ဆိုတာ ချဲ့ကားနေပြောခြင်းသာဖြစ်တယ်၊ယွီအန်ထုန်က ကျောက်ကျွင်းထက်တစ်ဝက်လောက်သာကြီးခြင်းဖြစ်တယ်၊ဒီလောက်မြန်မြန်ပြီးတာ အံ့ဩစရာတော့မဟုတ်ပါဘူး။

ယွီအန်ထုန်ပြုံးလိုက်ပြီးစိတ်ကြီးဝင်ပုံမရှိပါဘူး"မင်းပါးစပ်ထဲစားဖို့ရောက်တဲ့အထိဆုံးဖြတ်ဖို့နောက်မကျသေးပါဘူး"

ကျောက်ကျွင်းကယွီအန်ထုန်ကိုအပြည့်အဝ လျစ်လျူရှုထားခဲ့တယ်။သူမအခုလေးတင်ဖြတ်တောက်ပြီးသောပါဝင်ပစ္စည်းများကိုအရသာနှပ်ထားလိုက်တယ်၊ပဲဝါနှင့် ကောက်ညင်းမှုန့်တို့ကို ရောနှောလိုက်တယ်။ရေနဲ့ ဂျုံကိုရောပြီး ခေါက်ဆွဲနယ်တယ်။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ