[Unicode]
ရှင်းလီရွှမ်နှင့် ယွီအန်ထုန်၏မင်္ဂလာပွဲကို ဖေဖေဟန်တက်ရောက်ခဲ့ပါတယ်၊ဒါကြောင့်သူ့ကိုကြည့်တာရင်းနှီးနေတယ်၊ဒါပေမဲ့ သူမထင်ထားတာက ရှင်းမိသားစုရဲ့အကြီးဆုံးသခင်လေးက သူ့သားရဲ့အတန်းဖော်နဲ့ လက်ထပ်မယ်ဆိုတာပဲ။ဒီအကြောင်းကိုဟန်လီလီကိုသူပြောပြခဲ့ပြီးဒါကိုကြားတော့ဟန်လီလီမျက်လုံးများကျယ်လာသည်။နွေရာသီအားလပ်ရက်မှာ သူပြည်ပကိုသွားခဲ့တယ်၊ပြီးတော့ သူ့အဖေနှင့် အစ်ကိုကပဲ လူမှုရေးကိုကိုင်တွယ်တယ်၊ဒါကြောင့်သူဒါတွေအားလုံးကိုမသိတာပဲ။
ငွေကြေးခက်ခဲတယ်လို့ထင်ရတဲ့ သူ့အတန်းဖော် ချမ်းသာတဲ့မိသားစုတစ်စုနဲ့လက်ထပ်ထားတာယုံဖို့ခက်တယ်။
ဖေဖေဟန်ကပြောတယ်"မင်းသူနဲ့ပိုပြီးအဆက်အဆံလုပ်၊ဒါဆိုငါတို့မိသားစုလည်းပဲရှင်းမိသားစုနဲ့…"ယွီအန်ထုန်ကြောင့် သူ့မိသားစုနဲ့ရှင်းမိသားစုဆက်ဆံရေးတည်ဆောက်နိုင်ကြောင်းသူ့သားကိုဖေဖေဟန်ပြောချင်တယ်၊ဒါပေမဲ့စဉ်းစားပြီးနောက် သူပြောလိုက်တယ်" မေ့လိုက်တော့"
ဟန်လီလီ:"ဟင်? ဘာလို့လဲ?"
ဖေဖေဟန်ပြောတယ်"မင်္ဂလာဆောင်ငါသွားတုန်းက သခင်လေးရှင်းမျက်နှာကအကျည်းတန်နေတယ်၊ငါထင်တာမင်းအတန်းဖော်ကိုမင်းမကြိုက်ရင်၊အနာဂတ်မှာသူနားနေတာလျော့သင့်တယ်၊ဒါပေမဲ့လည်းသူ့ကိုမစော်ကားနဲ့"
ဟန်လီလီဘာမှမပြောဘူး၊ယွီအန်ထုန်နဲ့သူ့ဆက်ဆံရေးကသာမန်ပါပဲ၊ရင်းနှီးတာ မရင်းနှီးတာကိစ္စမရှိဘူး၊အရင်တိုင်းပဲရှိနေမှာပါ။
ယွီအန်ထုန် အငှားကားကိုခေါ်ပြီး မြို့ထဲကဈေးဝယ်စင်တာကိုသွားတယ်။လမ်းပေါ်မှာ နောက်ခရီးစဉ်ကို စီစဉ်တယ်။
ပထမဆုံးစားဖို့နေရာတစ်ခုရှာတယ်၊နောက်ပြီး သက်တောင့်သက်သာရှိတဲ့အင်္ကျီအချို့သွားဝယ်မယ်၊ပြီးတော့ နူးညံ့တဲ့အလှလေးဖြစ်ဖို့ အသားရေထိန်းသိမ်းတဲ့ထုတ်ကုန်လည်းပဲဝယ်ရမယ်။
ယာဉ်မောင်းခပေးပြီးနောက်၊ဘဏ်ကတ်နဲ့ချိတ်ထားတဲ့သူ့မိုဘိုင်းဖုန်းကချက်ချင်း စာသားမက်ဆေ့တစ်စောင်ပို့ခံခဲ့ရတယ်။
YOU ARE READING
လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)
RomanceStatus in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆမှုကြောင့်သေရမယ်လို့တော့သူလုံးဝမထင်ထားဘူး။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာသက်တမ်းတိုတဲ့သူ့ဘဝကအဓိပ္ပာယ...