(6.2)

793 98 0
                                    

[Unicode]
ယွီအန်ထုန်၏နာခံမှုကိုမြင်တော့ ၊ယွီချင်းနျန် သူ့စိတ်ထဲ လှောင်ရယ်နေတယ်၊တုံးအနေတုန်းဆိုတာသေချာတယ်"နှစ်ရက်ကြာရင် စီးပွားရေးပါတီပွဲတစ်ခုရှိလိမ့်မယ်။ငါ့ကိုဖိတ်စာတစ်စောင်ပို့ဖို့ ရှင်းမိသားစုကို မင်းမေးလိုက်ပါ"

နိုင်ငံတိုင်းရဲ့စစ်မှန်တဲ့စီးပွားရေးထိပ်သီးသမားတွေကိုသာပါတီကဖိတ်တယ်။သူကပါဝင်ဖို့အရည်အချင်းမပြည့်ဘူး၊ဒါပေမဲ့ရှင်းမိသားစုကတစ်စုံတစ်ယောက်ကိုဖိတ်စာတစ်စောင်ပေးချင်ရင် အနည်းငယ်သက်သာတယ်၊သို့သော်ရှင်းမိသားစုကိုဖိတ်ကြားမှုအတွက်မေးဖို့သူမလုပ်ရဲဘူး၊ဒါကြောင့်ယွီအန်ထုန်ကိုသူရှာတာဖြစ်တယ်။

ဒါတစ်ကယ်ပျင်းစရာကောင်းတယ်၊ယွီအန်ထုန် သူ့လည်ပင်းကိုပျင်းရိစွာရွေ့လိုက်တယ်၊နောက်ထပ်ကြာကြာမနေချင်တာကြောင့်၊သူမျက်နှာဖုံးကိုချွတ်ပြီး ယွီချင်းနျန်ကိုပြောတယ်"ကျွန်တော်နဲ့ရှင်းမိသားစုကိုဖလှယ်လိုက်မှတော့ အခုကစပြီး ကျွန်တော် ယွီအန်ထုန် ယွီမိသားစုနဲ့ ဘာမှလုပ်စရာမရှိတော့ဘူး။အရင်ကခင်ဗျားလုပ်ခဲ့တာတွေကိုကျွန်တော်ကျေအေးပေးဖို့ခင်ဗျားမမေးတာကောင်းလိမ့်မယ်၊ခင်ဗျားအတွက်ကျွန်ဆော်မလုပ်ပေးနိုင်ဘူး"

သူဒီလိုကြားတော့ ယွီချင်းနျန် မျက်နှာက အကျည်းတန်သွားတယ်၊ဒါပေမဲ့ သူ့စီးပွားရေးအတွက်ဒီပွဲကအရမ်းအရေးကြီးတယ်။စက်မှုဇုန်ကကြီးမားတဲ့ အကျိုးအမြတ်ကိုတွေးလိုက်တော့သူ့ဒေါသကိုထိန်းထားပြီး ရိုးသားသလိုဟန်ဆောင်တယ်။

"ရှောင်ထုန်၊မင်းအန်တီကအိမ်ကအရာအားလုံးကိုခွဲထားလိုက်ပြီ၊အတိတ်တုန်းကအရာအားလုံးကမင်းအန်တီရဲ့အမှားပါ။မင်းတို့မောင်နှမနှစ်ယောက်ကိုတင်းကျပ်စွာဆက်ဆံခဲ့ပေမဲ့ ငါမကြာသေးခင်ကငါသူမကိုသင်ထားပါတယ်။ငါ သူမကိုပြင်းပြင်းထန်ထန် ဆုံးမထားပါပြီ။ငါတို့အနာဂတ်မှာ၊မင်းကိုသားအရင်းလိုဆက်ဆံမယ်လို့ ကတိပေးတယ်"

ဒီလူက အပြသ်အားလုံးကို သူ့မိန်းမပေါ်ပုံချမယ်လို့ ယွီအန်ထုန်မထင်ထားဘူး၊သူတို့မိသားစုကတူနေတာတောင်မှလေ။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now