18.1

289 33 0
                                    

[Unicode]

ညစာ စားချိန်၌

ရှင်းလီရွှမ် ထင်ထားတာနဲ့တစ်ခြားစီပါပဲ၊အဘွားရှင်းက ယွီအန်ထုန်ကို မနှစ်သက်မှုမပြဘဲ ကောင်းကောင်းဆက်ဆံပါတယ်။

"ရှောင်ယွီ ကြက်တောင်ပံစားရတာကြိုက်လား?နောက်တစ်ခါ သားအတွက် စာဖိုးမှူးကို ချက်ခိုင်းထားမယ်"အဘွားရှင်းက ယွီအန်ထုန်ကို မေးတယ်"ဒီနေ့ရဲ့ ပုလဲအကာ ကြက်သားက အရသာကောင်းတယ် စားကြည့်ပါဦး"

အမျိုးသမီးကြီးက သူ့အပေါ်ကြင်နာတဲ့အတွက် ယွီအန်ထုန်ကလည်း ထပ်တူပြုမူတယ်၊သူပြုံးပြီးပြန်ဖြေလိုက်တယ်"ကျေးဇူးတင်ပါတယ် အဘွား"

အမေရှင်းက ဒါကိုကြားတော့ရယ်တယ်"အမေ အမေပြောတဲ့ဟင်းက ထုန်ထုန်ကိုယ်တိုင် ချက်ထားတာလေ ၊ထပ်စားကြည့်ပါဦး အရင်ကနဲ့ အရသာမတူတာတွေရှိသေးတယ်"

ယွီအန်ထုန်လဲ မတတ်နိုင်ဘူး စိတ်ကူး
ပေါက်ပြီး ဟင်းအနည်းငယ်ထပ်ချက်လိုက်မိတယ်။တစ်ချိန်တည်းမှာဘဲ မိသားစုက ဟင်းချက်တဲ့အန်တီကတော့ ဂနာမငြိမ်ဖြစ်နေတယ်၊ အိမ်ရှင် မိသားစုကို သူကဘယ် လိုတောင်ဟင်းဘယ် ချက်ခိုင်းရဲတာလဲ သူက သခင်ငယ်လေးရှင်းကိုတောင် ဟင်းချက်ဖို့ ညွှန်ကြားနေတယ်။

အဘွားရှင်းက အံ့ဩစွာပြောလိုက်တယ်"ဟုတ်လား ဒါဆို ငါ စမ်းကြည့်ရမယ်"

အဘိုးရှင်းနဲ့ အဘွားရှင်းက ငယ်ငယ်တုန်းက ရှင်းမိသားစုကုမ္ပဏီကို ထောက်ပံ့ခဲ့ကြရတယ်၊ရာထူးမြင့်တဲ့သူတွေက လက်ဝါးကြီးအုပ်ဖို့ ဆန္ဒရှိ‌ေန‌ေပမဲ့မဒမ်ရှင်းကလည်း လက်မခံနိုင်ပါဘူး။

ရှင်းလီရွှမ် နဲ့ ယွီအန်ထုန် လက်ထပ်ပြီးတာနဲ့ သူမက ယွီအန်ထုန်ကို အာရုံစိုက်ထားပါတယ် ၊ဒါကြောင့် သူ့ဦးလေးစီကနေ အမွေ ပြန်ယူမယ်ဆိုတာ သူမသိနေတယ်။

စွမ်းဆောင်ရည်ရှိတဲ့ သူတွေကို သူမအမြဲသဘောကျတယ် ။အစကတော့ ယွီအန်ထုန်ကိုသူမအထင်သေးမိတယ် ဘာကြောင့်လဲဆိုတော့ အရမ်းသတ္တိနည်းပြီး မရိုးဖြောင့်ဘူးလို့ သူမခံစားမိတာကြောင့်ဖြစ်တယ်။သူမ မြေးနဲ့ ယှဉ်ရပ်ပြီးကြီးမားတဲ့မိသားစုကို ထောက်ပံ့နိုင်စွမ်း မရှိဘူးလို့ထင်မိတယ်။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now