(4.2)

1K 105 0
                                    

[Unicode]
ယွီအန်ထုန်ရယ်တယ်၊သူ့မျက်လုံးအစွန်းကမြင့်တက်လာပြီး လူတစ်ကိုယ်လုံးစိတ်နေစိတ်ထားက မျိုးသန့်ကြောင်ရဲ့ မြူဆွယ်ပုံဖြင့်" ဘာလို့လဲဆိုတော့ ခင်ဗျားက ကျွန်တော့်ယောကျာ်းလေ"

ရှင်းလီရွှမ်ရဲ့နှလုံးသားက ရုတ်တရက် တစ်ချက်ခုန်သွားတယ်။

ရှင်းလီရွှမ် သူ့ခေါင်းကိုလှည့်ပြီးမှ ပြောတယ်" ငါထပ်ပြောမယ် ငါမင်းကိုလက်ထပ်တာနဲ့ မင်းကိုပတ်သက်မှာမဟုတ်ဘူး ဒါကြောင့် အရမ်းရင်းနှီးတဲ့ ပုံစံမျိုးမလုပ်နဲ့  ဒါကမင်းကို လေးနက်မှုမရှိ၊ကိုယ့်အကျိုးကိုမသိဖြစ်စေလိမ့်မယ် မင်းကိုဘယ်သူမှ မသွန်သင်ဘူးလား…"

စကားလုံးများကို ယွီအန်ထုန်ကြားလိုက်ရတော့ သူ့ခေါင်းကိုငုံ့ပြီး လက်ချောင်းများကို တွန့်လိမ်၍ စကားတစ်လုံးမှမပြောတော့ဘူး။

ဆန့်ကျင်ဘက်အဖြစ် ရှင်းလီရွှမ်ကတော့ သူပြောတာအရမ်းလွန်သွားတယ်လို့ခံစားလိုက်ရတယ်။တစ်ကယ်တော့ ယွီအန်ထုန်ကမိဘမဲ့တစ်ယောက်ဖြစ်တာ သူသတိရတော့၊ မိဘတွေစောစောဆုံးပြီး မိသားစုမရှိတဲ့လုတစ်ယောက်ကို သူတစ်ကယ်ဒီလိုမပြောသင့်ဘူး။

ပြောတာလွန်သွားလို့သူနောင်တရချိန်မှာယွီအန်ထုန် သူ့မျက်လုံးပင့်ပြီး သတိထားပြောတာကိုသူမြင်တယ်"ဒီဟာက အရမ်းများလွန်းတယ်"

ရိုးရှင်းတဲ့မျက်လုံးသေးသေးလေးတွေက မသိနားမလည်မှုကို ဖော်ပြနေပြီး ရှင်းလီရွှမ်ကို အခိုက်အတန့် မှင်သက်စေတယ်။

သို့သော်နောက်တစ်စက္ကန့်မှာယွီအန်ထုန်က လှည့်ဖြားတဲ့ အပြုံးလေးနဲ့သူ့နားသို့ချဉ်းကယ်၍ပြောလိုက်တယ်" ဒါပေမဲ့ ခင်ဗျားနဲ့အတူ ပိုပြင်းထန်တာ တစ်ခုခုကို ကျွန်တော်လုပ်ချင်တုန်းပဲဆိုဘယလုပ်ရလဲ? ယောကျာ်း~"

ရှင်းလီရွှမ်နောက်ဆုတ်၍ ရှောင်ရှားတဲ့ အမူရာပြရင်း ယွီအန်ထုန်ရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်တယ်။သူ့မျက်ခုံးများ ပြင်းပြငထန်ထန် တွန့်ရင်း" မင်း"

ရှင်းလီရွှမ်နောက်ဆုတ်ချိန် ယွီအန်ထုန်ကတော့ရှေ့တိုးတယ်။ရှင်းလီရွှမ်စကားပြောဖို့လုပ်တော့ သူ့လက်ညိုးကိုဆန့်ထုတ်၍ ရှင်းလီရွှမ် ပါးစပ်ကို ပိတ်ဆို့လိုက်တယ်။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Donde viven las historias. Descúbrelo ahora