[Unicode]
လွှတ်လိုက် ငါမင်းကိုသယ်သွားပေးမယ်""ဝူး~ကျွန်တော့်ကိုမလိမ်နဲ့"ယွီအန်ထုန်မျက်ရည်များပေါက်ထွက်လာပြီးလွှတ်လ်ုက်တယ်၊ဒါပေမဲ့သူ့မျက်လုံးမဖွင့်ရဲသေးဘူး"ကျွန်တော့်ကိုမထားခဲ့ပါနဲ့"
လွှတ်ပေးလိုက်ပြီးနောက်အထောက်အပံ့မရှိတော့ ယွီအန်ထုန်ပိုကြောက်ပြီး ပို၍ပြင်းပြင်းထန်ထန်ငိုတော့တယ်။
ကံကောင်းစွာ နောက်တစ်စက္ကန့်မှာ သူ့ကိုရှင်းလီရွှမ်ဖက်လိုက်တယ်။သူ့နှာခေါင်းထဲရင်းနှီးအေးမြတဲ့ရနံ့ကဝင်ရောက်လာပြီး လုံခြုံတဲ့ခံစားချက်ပေးတယ်။ယွီအန်ထုန်ငိုနေပြီးသူ့မျက်နှာကိုရှင်းလီရွှမ်ရင်ဘတ်ထဲမြုပ်ထားပြီးတုန်ရီစွာပြောလိုက်တယ်"ဒါကျွန်တော့်ကိုသေလောက်အောင်ကြောက်စေတယ်"
ရှင်းလီရွှမ်လှည့်၍ယွီအန်းနန်ကိုပြောလိုက်တယ်"လိုက်ခဲ့"။ထို့နောက်သူယွီအန်ထုန်ကိုခေါ်ပြီးထွက်သွားတယ်။
ယွီအန်းနန်အားနာပြီးငိုနေတယ်နောက်ပြီးမသွားနိုင်ဘူး"ညီမ အင်း ညီမကြောက်နေတယ်"
"မင်းဒီနားမှာထိုင်နေလျှောက်မသွားနဲ့၊ငါအဲ့ဒီမှာမင်းအစ်ကိုကိုသွားချော့ဦးမယ်"ရှင်းလီရွှမ်ယွီအန်းနန်အားပြောပြီး သူ့ကိုဖက်လိုက်တယ်။ယွီအန်ထုန် ထောင့်နားက အပန်းဖြေထိုင်ခုံပေါ်ထိုင်လိုက်တယ်။
ယွီအန်ထုန်တုန်နေသေးတာမြင်ပြီး သူတစ်ကယ်ကြောက်နေတာပဲ။ရှင်းလီရွှမ်ကူကယ်ရာမဲ့စွာသူ့အသံကညင်သာသွားတယ်"မကြောက်ပါနဲ့ ကလေးကိုယ်တို့ထွက်လာခဲ့ပြီ၊မင်းမျက်လုံးဖွင့်ကြည့်လိုက် ဒီမှာဘာမှမရှိတော့ဘူး"
ရှင်းလီရွှမ်ပေါင်ပေါ်ထိုင်နေသော ယွီအန်ထုန်မျက်လုံးပိတ်ထားရာမှ မဝံ့မရဲသူ့ခေါင်းကိုလှည့်ကြည့်လိုက်တယ်။သူ့မျက်လုံးကအလင်းရောင်ပြောင်းလဲမှုကိုခံစားမိတယ်၊ပြီးနောက်သူမျက်လုံးဖြေးဖြေးလေးဖွင့်လိုက်တယ်။
တောက်ပနွေးထွေးသောနေရောင်က ကိုယ်ပေါ်ဖြာကျနေတယ်၊ကောင်းကင်ကကြည်လင်ပြီး တိမ်အနည်းငယ်မျောလွင့်ပုံက ငါ့မျက်လုံးထဲပေါ်လာခဲ့တယ်။
YOU ARE READING
လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)
RomanceStatus in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆမှုကြောင့်သေရမယ်လို့တော့သူလုံးဝမထင်ထားဘူး။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာသက်တမ်းတိုတဲ့သူ့ဘဝကအဓိပ္ပာယ...