16.2

697 83 2
                                    

[Unicode]

ချီကျင်းယောင်သူ့နှုတ်ခမ်းကို  ထပ်ခါထပ်ခါ စုပ်သပ်လိုက်မိတယ်"ဒါအရမ်းစပ်တာပဲ လောင်ရှင်းရဲ့ဇနီးလေးက တစ်ကယ်အင်အားကြီးတယ်"

ပေါင်းကျိ အကြောက်တရား‌တွေ ရစ်ဝဲလျက် သူ့နှာခေါင်းကို ထိလိုက်မိတယ်"လီရွှမ်က တစ်ကယ်ပဲ ဖမ်းစားခံလိုက်ရပုံပဲ၊အရင်က သူ့လက်တွဲဖော် ရွေးချယ်မှု အမြင်တွေအရတော့ ယွီအန်ထုန်က လုံးဝ သူ့ထောက်ချောက်ထဲ ရောက်သွားတာပဲ၊မင်းတို့အခုလေးတင် မြင်ကြတယ်မလား"

"ဒီယွီရဲ့ပိုင်ရှင်ကတော့ ကျွတ် ကျွတ် လူတစ်ယောက် လည်ပင်းအဟိုက်တောင်မဝတ်နိုင်ဘူး၊တစ်စုံတစ်ယောက်က သူ့ဇနီးကိုကြည့်တာနဲ့ သူ့အင်္ကျီကို ချက်ချင်းချွတ်ပြီး ကာတော့တာပဲ"

ရှင်းလီရွှမ်ကားထဲကိုဝင်ပြီးတာနဲ့ ယွီအန်ထုန် ရှင်းလီရွှမ်ကိုပြောလိုက်တယ်"အနာဂတ်မှာ ခင်ဗျား အဲ့ဒီ ကြာပန်းဖြူနဲ့ဝေးဝေးနေရမယ်နော် ။ဝေးဝေးမှာနေ သူ့ကိုစကားမပြောနဲ့"

အဓိက ထိန်းချုပ်ခုံကို ဖြတ်ပြီး ယွီအန်ထုန် မှီလိုက်တယ်၊သူ့လက်မောင်းများကို ရှင်းလီရွှမ် လည်ပင်းပေါ်တင်ထားပြီး‌ပြင်းထန်စွာပြောတယ်"အဲ့တာခင်ဗျားပြောတာနော် ခင်ဗျား တစ်ခြားလူတွေနဲ့ တစ်ခုခုလုပ်ချင်ရင် ကျွန်‌တော်နဲ့ အရင် ကွာရှင်းပါ။ကွာရှင်းပြီးရင်တော့ ခင်ဗျားဘာလုပ်လုပ် ကျွန်တော်ဂရုမစိုက်ဘူး ဒါပေမဲ့ လက်ထပ်ထားတဲ့အတောအတွင်း အငယ်အနှောင်းထားရဲရင် ကျွန်တော် ခင်ဗျားအောက်ကဟာကို ခုတ်ဖြတ်လိုက်မှာနော်"

ရှင်းလီရွှမ်ကတော့ ပြောစရာမရှိဖြစ်သွားပါတယ်"ငါ သူ့ကိုတောင်မှ မသိတာကို မင်းကိုဒေါသထွက်အောင်လုပ်မိတာလား"

ယွီအန်ထုန်:"သူကျွန်တော့်ရှေ့မှာကနေတာပဲ ကျွန်တော်ခဏလောက်သည်းခံရင် ကျွန်တော်က မကောင်းတဲ့သူပဲ၊ဆီးကျိတ်ရောင်တာနဲ့ ရင်သားအကျိတ်အတွက် ခြေတစ်လှမ်းဆုတ်လိုက်တယ်၊ကျွန်တော်အရူးအဖြစ်မခံနိုင်ဘူး"

(အ‌ပေါ်ပိုင်းကတော့ သူ့ရှေ့ပြသာနာရှာတာကိုသည်းမခံနိုင်ဘူးပြောတယ်ထင်တယ် နောက်နားကတော့နားမလည်လိုက်ပါဘူး ဆောရီးပါ)

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Kde žijí příběhy. Začni objevovat