19.1

124 17 0
                                    

[Unicode]

ရှန် ယွင်ချင်း မကြားမိသေးဘူးဆိုတာ သိတော့ ပိုင်ယင်းက ရှင်းပြလိုက်တယ်" ယွီအန်ထုန်က စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖို့လုပ်နေတာ ကျွန်တော် ထင်တာတော့ သူအစ်ကို့ကို တမင်သက်သက် လိုက်တုနေတာပဲ သူစားနိုင်တာထက်ပိုစားနေတာပဲ နန်းတွင်း စားဖိုမှူးမျိုးဆက်ဖြစ်တဲ့ ရှန်မိသားစုက အစ်ကို့ကို သူယှဉ်နိုင်မှာလား"

ရှန်ယွင်ချင်းနှာမှုတ်လိုက်တယ် ဟုတ်တယ် ယွီအန်ထုန် မင်းဘာလုပ်ချင်နေတာလဲ စားသောက်ဆိုင်တစ်ဆိုင် အတင်းဖွင့်ပြီး ငါ့အသိုင်းအဝိုင်းထဲ ဝင်ဖို့လုပ်နေတာလား

သူ့လက်မှာပေနေတဲ့ ဆီတွေဆေးဖို့ ရေပိုက်ဖွင့်ပြီး မေးလိုက်တယ်"မင်းဒါကို ဘယ်ကသိတာလဲ?"

"အိုး ဒါကတိုက်ဆိုင်မှုတစ်ခုပါ ယွီအန်ထုန် ဝယ်လိုက်တဲ့ ဆိုင်က အရင်ကလည်း စားသောက်ဆိုင်ပဲလေ ကျွန်တော်တို့က ဟင်းသီးဟင်းရွက် ထောက်ပံ့သူတွေလေ  ကျွန်တော် အခု ယွီအန်ထုန် ကို ဆက်သွယ်ပြီး ‌ပူးပေါင်းကို ဆက်လုပ်ချင်လားလို့ မေးရမှာ"

ပြောပြီးတာနဲ့ ရှန်ယွင်ချင်း မပျော်တော့မှာကို စိုးရိမ်ပြီး ပိုင်ယင်း မြန်မြန် ထပ်ပေါင်းထည့်လိုက်တယ်"စိတ်မပူပါနဲ့ အစ်ကို နောက်ထပ် ကျူးယင်းဆိုင်ကို သူ့ဆိုင်နဲ့ ဆန့်ကျင်ဘက်မှာဖွင့်လိုက်ရင် သူ့ဆိုင်ကရက်အနည်းငယ်အတွင်းပိတ်ရလိမ့်မယ်"

"ဘယ်နှရက်လဲ?"ရှန်ယွင်ချင်း သူ့လက်ချောင်းတစ်ချောင်းချင်းစီကို ပုဝါနဲ့သုတ်ပြီး သူ့သွားတွေကို အံကြိတ်လိုက်တယ်"ငါ သူ့ဆိုင်ကိုတစ်ရက်တောင်မဖွင့်စေချင်ဘူး"

ပိုင်ယင်း အသံတိုးတိုးနဲ့ မေးလိုက်တယ် "အစ်ကို ဘာလုပ်ချင်တာလဲ"

ရှန်ယွင်ချင် ပိုင်ယင်းကို သူ့သီးသန့် နားနေခန်းကိုခေါ်သွားလိုက်တယ်၊သူထိုင်ချပြီးနောက် သူ့မျက်လုံးတွေ မှေးကျဉ်းရင်း ဖြည်းဖြည်းချင်းပြောလိုက်တယ်"သူ့ဆိုင်က ထောက်ပံ့သူဖြစ်အောင်လုပ်ပြီး သူ့ဆိုင်ဖွင့်မဲ့နေ့ကိုမေးလိုက်။ပြီးတော့ ဟင်းတွေထဲ မင်းသုံးတဲ့ ပစ္စည်းတွေနည်းနည်းထည့်လိုက်…"

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Donde viven las historias. Descúbrelo ahora