19.2

145 26 0
                                    

[Unicode]ချောင်မန့်မန့် ပြောလိုက်သည်"စကားပြောတာ သတိထားဦး ငါ liveလွှင့်တော့မှာ ငါ့ကို ဘမ်းတာမခံရစေနဲ့ဦး"

ချောင်မန့်မန့် ဟာ ကျော်ကြားသော အင်တာနက် ဆယ်လီ တစ်ယောက်ဖြစ်ပြီး ယနေ့ live အတွက် content ကို သူမ‌စိတ်ပူနေခဲ့ပါသည်၊ဟန်လီလီ သူမကို ညစာစားဖို့ ဖိတ်တော့ အချိန်အကြာကြီးပြင်ထားတဲ့ ရေတွေကို သူမရိုးရှင်းစွာပဲ ပြောင်းလိုက်ပါသည်။

စကားပြောရင်း ရယ်မောနေကြစဉ် မှာပဲ ဟင်းပွဲတွေ ရောက်လာပါသည်။

"အရမ်း အနံ့မွှေးတာပဲ လီလီပြောထားတာတွေကို ငါယုံသွားပြီ"

ခပ်ဝဝ ကောင်လေးကတော့ စကားများနေတုန်းဖြစ်ပြီး ဟန်လီလီက စားသောက်ဖို့ ဦးဆောင်လိုက်ပါသည်။သူ့သူငယ်ချင်းတွေက ယွီအန်ထုန်ရဲ့ ဟင်းပွဲတွေကို လုံးဝမစားဖူးသေးဘူး။ဟင်းပွဲတွေက သူ့ကို တူနောက်ထပ်ယူဖို့မလိုအောင်သေချာစေသည် သေချာတာပေါ့ သူစစားနေပြီဖြစ်သည်။

"လီလီ ငါတို့ သုံးရက်လောက်ဘာမှ မစားထားသလိုဖြစ်နေတယ် ငါတို့လှည်စားခံနေရတာပဲ လှည့်စားခံနေရတာပဲ"

ခပ်ဝဝ ကောင်လေး ဝက်နံရိုးပေါင်း တစ်ခုကို စနောက်ပြီး ကောက်ယူလိုက်သည်၊တစ်ကိုက် ကိုက်ကြည့်လိုက်တော့ နူးညံ့ပြီး မွှေးပျံ့တဲ့ အသားက သူ့ပါးစပ်ထဲ ပေါက်ကွဲလာခဲ့သည်။သူ့ အရသာဖူးတွေကို အံ့အားသင့်စေပြီး တူနဲ့ စားတာကိုမရပ်နိုင်တော့ဘူး။

ချောင်မန့်မန့်ကတော့ စကားတစ်လုံးမှ မပြောဘဲ သူမ ဖန်တွေနဲ့ စာပို့နေပြီး ရုတ်တရက် သူမသူငယ်ချင်းတွေရဲ့ ရယ်သံက မရှိတော့ပါဘူး။သူမအာရုံကို ဖုန်းကနေ သူငယ်ချင်းတွေစီပို့လိုက်တော့ သူမသူငယ်ချင်းများက  တစ်‌ခုပြီးတစ်ခုကို တစ်ခြားတစ်ယောက်ပို စားနိုင်အောင် လုပ်နေတာကို မြင်လိုက်ရသည်။သူမကိုတစ်ချက်ကလေးတောင်မကြည့်ဘဲ ငတ်မွတ်နေသလို အချိန်တိုင်း အစားတွေကို လုစားနေကြသည်။


"ဒါကတော့"ဖြားယောင်းနေတဲ့ အနံ့က သူမ နှာခေါင်းဝမှာဝေ့သီနေပြီး ချောင်မန့်မန့် မတတ်နိုင်ဘဲ တံတွေးမျိုချလိုက်မိသည်၊တူကိုကောက်ကိုင်လိုက်ပြီး ငါးချိုချဉ်ရဲ့ နောက်ဆုံးအပိုင်းကို ကောက်ယူလိုက်သည်။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now