(10.1)

806 94 0
                                    

[Unicode]
ယွီအန်ထုန် ဒါကိုမြင်ချိန် ရှစ်ခုမြောက်ရေပန်းအစားဆုံးက လွန်ခဲ့တဲ့ရက်အနည်းငယ်က ယွီချင်းနျန်နဲ့သူတွေ့တဲ့ ဗွီဒီယို ဖြစ်နေခဲ့တယ်။

ဒီလိုအမျိုးအစားလည်းရှာဖွေနိုင်တယ်လား?

ယွီအန်ထုန်အနီးကပ်တစ်ချက်ကြည့်တော့ "ဆန်းယုရဲ့ဆိုင်"မှာညစာလာစားတဲ့သူကဖြစ်ရပ်ကိုတွေ့သွားတာကြောင့်ဖြစ်တယ်၊တိတ်တိတ်လေး သူ့ကိုဓာတ်ပုံရိုက်သွားတယ်၊ပြီးတော့ ချောမောတဲ့ကောင်လေးများကိုပြန်တင်သူအောင်မြင်တဲ့Vကို ၎င်းအားတင်ပြလိုက်တယ်။

ကောင်ချောလေးများကိုတန်ဖိုးထားသူ V :ဖန်တွေကိုဖြန့်ဝေတယ်၊ညစာစားဖို့အပြင်ထွက်တာ ကြည့်ကောင်းတဲ့ကောင်လေးနဲ့တွေ့ခဲ့ရတယ်။ရဲရင့်တဲ့စကားပြောခြင်းက ခွေးသွေးတီဗွီဇာတ်လမ်းနဲ့တောင် ယှဉ်လို့ရတယ်[video]

ကောင်ချောဘေးများကိုပို့စ်တင်သူအောင်မြင်သူVနှင့်အလားတူ weiboကလည်းပြန်တင်ခဲ့တယ်၊ပြီးတော့ ချမ်းသာပြီးအာဏာရှိတဲ့မိသားစုများကြားမကျေနပ်တဲ့ အကြောင်းအရာက အခြားဈေးကွက်အကောင့်များကိုသတိပြုမိစေခဲ့တယ်၊ရေပန်းစားမှုက ရုတ်တရက် မြင့်တက်လာတယ်။

"ကောင်ငယ်လေးကအရမ်းချောတယ်၊လူအိုကြီးက ပိုက်ဆံတွေပြန်ပေးသင့်တယ်"

"ဘယ်ချမ်းသားပြီးအာဏာရှိမိသားစုရဲ့မကျေပွဲလဲ တစ်ယောက်ယောက်ရှာတွေ့ကြလား?"

"အခုကောင်ချောလေးအတွက် ဇာတ်ညွှန်းလိုသေးလား? ဟားဟားဟား၊ဒါစိတ်ဝင်စားဖို့ကောင်းသားပဲ"

"ငါ ဒါကိုကြည့်ချင်တယ်၊နောက်ဇာတ်လမ်းတွဲမှာ ဘာဖြစ်မှာလဲ"

သူအမွေတွေပြန်လိုချင်ကြောင်း ယွီအန်ထုန်ဖော်ပြတာကနေ videoကစတင်ခဲ့တယ်၊ယွီမိသားစုနဲ့ ရှင်းမိသားစုအကြောင့်မဖော်ပြထားဘူး၊videoထဲကဘယ်သူလဲဆိုတာ ဘယ်သူမှတစ်ကယ်မသိနိုင်ဘူး၊သေချာတာပေါ့၊လူအများကတော့ ကောင်ချောလေးကိုကြည့်ရုံ သက်သက်ပဲ၊နက်နဲတဲ့ထိမသွားကြဘူး။

အမှန်ဆိုရင်တော့ ဒီလိုweiboက ရေပန်းစားရှာဖွေမှုဆယ်ခုထိ မမြင့်တက်နိုင်ဘူး၊ဒါပေမဲ့ လူအများက videoထဲက စားသောက်ဆိုင်က ဆန်းယုရဲ့စားသောက်ဆိုင်လို့ ညွှန်ပြခဲ့ကြတယ်၊ပြီးနောက် မှတ်ချက်များရဲ့ ဦးတည်ရာကပြောင်းသွားခဲ့တယ်။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now