[Unicode]
ရှော့ပင်းမောမှအဝတ်စားဆိုင်၌"ယောကျာ်းရေ ဒီတစ်ခုဘယ်လိုနေလဲဟင်?"ယွီအန်ထုန်အဝတ်လဲခန်းမှထွက်လာ၍ ဧည့်နေရာမှဆိုဖာပေါ်ထိုင်နေတဲ့ရှင်းလီရွှမ်ဆီလမ်းလျှောက်လာခဲ့တယ်။
ရှင်းလီရွှမ်သူ့ခေါင်းကိုမော့ကြည့်ခြင်းမရှိဘဲသူ့လက်ထဲကမဂ္ဂဇင်းကိုဖတ်နေတယ်"အင်း ကြည့်ကောင်းပါတယ်"
ယွီအန်ထုန်မဂ္ဂဇင်းကိုဆွဲယူပြီးစိုက်ကြည့်လိုက်တယ်"ခင်ဗျားဖတ်လို့မပြီးသေးဘူးလား"ရှင်းလီရွှမ်သူ့ခေါင်းကိုစိတ်မရှည်စွာမော့လိုက်တယ်"ခြားနားချက်ရှိလို့လား"
ဒီတစ်ခုနဲ့ အရင်တစ်ခုကြားက မည်သည့်ကွာခြားချက်ကိုမှသူမမြင်မိဘူး။
ယွီအန်ထုန်အဝတ်တွေသယ်ဖို့ကူညီပေးတဲ့အရောင်းစာရေးကကျွမ်းကျွင်စွာပြုံးလိုက်တယ်"သူတို့ရဲ့ဒီဇိုင်းကကွဲပြားပါတယ်၊ဒီလူကြီးမင်းဟာတစ်ခုကခါးပိုကျယ်ပါတယ်၊အရည်အသွေးလည်းလုံးဝမတူပါဘူး၊လူကြီးမင်းထိကြည့်တာနဲ့သိနိုင်ပါတယ်"
ယွီအန်ထုန်ရှင်းလီရွှမ်စီမဂ္ဂဇင်းကိုပစ်လိုက်ပြီးတဆက်တည်းအရောင်းစာရေးရဲ့ရှင်းပြမှုကိုပြောတယ်"ခင်ဗျားသူ့ကိုပြောနေတာ နွားစန္ဒရားတီး *ပြသလိုပဲ၊သူကစတီးလိုဖြောင့်တဲ့ယောကျာ်းလေ"
(*ကျွဲပါးစောင်းတီး)ယွီအန်ထုန်ပစ်လိုက်တာရှင်းလီရွှမ်ဖမ်းလိုက်တယ်"လျှို့ဝှက်လက်နက်ပဲ"ရှင်းလီရွှမ်မျက်မှောင်ကြုတ်ပြောတယ်"ဒါတွေမင်းဝယ်လို့ပြီးပြီလား?"
"ဘာဝယ်ရမှာလဲ ဝယ်ဖို့တောင်စိတ်မပါတော့ဘူး!"ယွီအန်ထုန်ဒေါသထွက်စွာသူ့လက်ကိုအဝေးသို့လှမ်းလိုက်တယ်"ဒေါသထွက်အောင်ခင်ဗျားလုပ်တာ"
ရှင်းလီရွှမ် သူ့လက်တွေကို သူ့လက်များဖြင့်ဖမ်းလိုက်တယ်၊သူယွီအန်ထုန်ကိုနောက်သို့ဆွဲလိုက်ပြီး၊သူ့လက်မောင်းတစ်ဖက်ထဲသူ့ကိုခိုင်ခိုင်မြဲမြဲဖိထားလိုက်တယ်၊ပြီးနောက်အရောင်းဝန်ထမ်းကိုပြောတယ်"သူအခုလေးတင်ဝတ်ကြည့်နေတာတွေအကုန်ထုပ်ပေးလိုက်ပါ"
အရောင်းဝန်ထမ်းကအပျော်လွန်ပြီးမြန်မြန်ပြောတယ်"ဟုတ်ကဲ့ လူကြီးမင်း"
BẠN ĐANG ĐỌC
လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)
Lãng mạnStatus in COO 98 chapters + 2 extras( completed) Description ယွီအန်ထုန်ဟာမွေးရာပါနှလုံးရောဂါဝေဒနာခံစားနေရပြီးနေ့တိုင်းသတိထားနေရတယ်။အဆုံးသတ်မှာမတော်တဆမှုကြောင့်သေရမယ်လို့တော့သူလုံးဝမထင်ထားဘူး။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာသက်တမ်းတိုတဲ့သူ့ဘဝကအဓိပ္ပာယ...