Part 1

11.5K 566 31
                                    

အထက်တန်း ဒုတိယနှစ်. . ပထမနှစ်တုန်းက သူငယ်ချင်းတွေနဲ့ တစ်ခန်းတည်းပါဘဲ. . 

ဒီနှစ်လည်း ထုံးစံအတိုင်း အတန်းခေါင်းဆောင် ပေါ့. . အခန်း ၁ မှာ စာတော်တဲ့ လူတွေနဲ့ပါ တစ်ခန်းတည်း ဖြစ်သည်မို့ နည်းနည်းတော့ ကသိကအောင့်နိုင်လှသည်။

ထိပ်ဆုံး ကျောင်းသားတွေက နည်းနည်း ပြောရဆိုရ ခက်လွန်းပြီး ဆရာကြီး သိပ်လုပ်ကြသည်လေ. . 

"အင်္ဂလိပ်ဆရာက မနေ့က ရေးခိုင်းထားတဲ့ essay တွေ အကုန်ယူပြီး သူ့ဆီ လာပို့ပေးတဲ့. . "

ဂျွန်ယောင်းတို့နဲ့ စကားပြောနေတုန်း အရှေ့မှာ လာရပ်ကာ ပြောသည်။ ကြည့်လိုက်မိတော့ မျက်မှန် အဝိုင်း ခပ်ကြီးကြီးရယ် ဆံပင်ကောက်ကောက်တွေနဲ့ ထိပ်ဆုံး ကျောင်းသားပေါ့.. 

လူကို သေချာမသိပင်မယ့် စာတော်တဲ့ သူတွေထဲမှာမှ လက်ချိုးရေလို့ရတဲ့ အတော်ဆုံးတွေထဲ ပါနေသည်ကိုတော့ သိဖူးပါသည်။ 

ဒီတစ်ခွန်းတည်းသာပြောပြီး ရှေ့ဆုံးခုံဆီ ပြန်ကာ စာအုပ်ပုံထဲ ခေါင်းစိုက်နေပြန်၏. . 

"သူများတွေ ပျာယာခက်နေတာတောင် သူက အေးဆေးလေး ဆရာ့ဆီ စာရွက် သွားပေးတယ်. . ကိုယ့်အတွက်ဘဲ ကိုယ်သိတဲ့ကောင်. . ငါတို့မှ မပြီးသေးတာကို ခဏတော့ စောင့်မှပေါ့" 

ဂျယ်ရှင်းက သူ့ကို ကြည့်ပြီး မကျေမနပ်ဖြစ်နေတော့သည်။ 

ဆရာက နေ့လည်မှ စာရွက်တွေတောင်းထားတာပါဘဲ. . အစောကြီးပြီးနေတဲ့ တစ်ဦးတည်းသော သူသာ သွား မပို့ခဲ့ရင် အခုလိုထိ ဗျာများရမည် မထင်ပါဘူး. .

အခုတော့ ဆရာက စာရွက်တွေကို ချက်ချင်းလာပို့ ခိုင်းနေတော့၏။ 

"အဲ့ကောင်ကွာ သူပြီးတိုင် ဒုက္ခလိုက်ပေးနေတာ"

ရေးလက်စတွေကို မြန်မြန်လက်စသတ်ကာ ဆရာ့ဆီ ယူသွားလိုက်ရသည်။

"မိဘဆရာ တွေ့ဆုံပွဲအတွက် တစ်ချက်လောက် ပြင်ဆင်ပေးပါဦး Jungkook ရေ "

ဆရာ့ဆီ စာရွက်တွေပို့နေတုန်း သိပ္ပံဆရာမက ‌လှမ်းပြောသည်။

အတန်းခေါင်းဆောင်မို့ အရာရာက တာဝန်ကြီး တစ်ခု ဖြစ်နေ၏။ အတန်းထဲ ပြန်လာလိုက်ပြီး ဂျွန်ယောင်းတို့ အဖွဲ့ကို ခေါ်ခဲ့လိုက်သည်။

A Letter To Him [Completed]Where stories live. Discover now