အဖေလည်း မရှိတော့တာကြောင့် အမေက ထွက်သွားဖို့ ကြိုးစားသည်။
ဆိုလ်းမြို့ အစွန်းဘက်မှ ဘုန်းတော်ကြီးကျောင်းကို အမေက ပြောင်းနေချင်သည်။
"Taehyungie ကို မေမေ စိတ်ချနေပါပြီ။ အသက်အရွယ်၊ ပညာ၊ အလုပ်၊ ဝင်ငွေ အရာရာတိုင်းက မေမေ မျှော်လင့်ထားတာထက်တောင် ပိုပြီးတော့ ကောင်းမွန်နေသေးတာ. . မေမေ့ Taehyungie လေးကို ဒီလို ပျိုးထောင် ပေးနိုင်ခဲ့လို့ ကျေနပ်မိတယ်"
ဘုန်းတော်ကြီးကျောင်းရှေ့မှာ အမေက မျက်ရည်ကလေး ဝဲလို့နေသည်။
"ကျွန်တော်တို့ အတူနေလို့ ရပါတယ် အမေ့ကို စောင့်ရှောက်ပြီး ကျေးဇူးဆပ်ချင်သေးတယ်"
အမေက နှစ်နှစ်ခြိုက်ခြိုက် ပြုံး၏။ ပါးပြင်ပေါ်ကို လက်ကလေးတွေနဲ့ ကိုင်ကာ
"မေမေ့ကို ဒီလို ပြောပေးတာက ကျေးဇူးဆပ်လိုက်တာပါဘဲ. . Jungkook ဆိုတဲ့ ကလေးနဲ့ အဆင်ပြေအောင် နေကြနော်. . လက်ထပ်ပွဲဆိုလည်း မေမေ လာခဲ့ပါ့မယ်"
အမေနဲ့အတူ စကားတွေ ပြောဖြစ်ကြသည်။
"Taehyungie ကို စစတွေ့တုန်းက ဆေးရုံမှာ. . မေမေ့ သူငယ်ချင်း နွန်းအာက Taehyungie အမေ. . Taehyungie ကို စတွေ့တော့ အဖြူရောင် အဝတ်စကလေးနဲ့ ပုခက်လေးထဲမှာ မေမေ့ကို ရယ်ပြနေတာ. . "
အမေက မျက်ရည်ကလေးတွေ ဝိုင်းလာကာ အတိတ်ကို ပြန်မြင်ယောင်နေသည်။
"ကျွန်တော် အမေ့ကို ချစ်ပါတယ်"
နွေးနွေးထွေးထွေးနဲ့ ချစ်တဲ့အကြောင်းကို ပြောဖူးသည်က သိပ်ရှား၏။
ပုခုံးပေါ်ကို မေးတင်ထားလိုက်ပြီး အမေ့ရဲ့ ရင်ခွင်ထဲမှာ နားခိုနေလိုက်သည်။ အေးချမ်းလွန်းသည့် ဒီအခိုက်အတန့်က သိပ်ကို အဖိုးတန်၏။
ကျောပြင်လေးကို ပုတ်ပေးကာ အမေက မျက်ရည်တွေ ကျလာတော့သည်။
ညနေစောင်းမှ အိမ်ကို ပြန်လာလိုက်ပြီး အိမ်အကျယ်ကြီးက ခြောက်ကပ်ကပ်နဲ့ ဖြစ်လို့နေသည်။
ကျွန်တော့်မှာ ဆွေမျိုး၊ သူငယ်ချင်း ဆိုတာက မရှိသလောက် ဖြစ်သည်။ လူအနည်းအကျဉ်းက လက်ချိုးရေတွက်ရင်တောင် ၅ ချောင်းပြည့်မည် မဟုတ်. .
YOU ARE READING
A Letter To Him [Completed]
FanfictionStart : October 16, 2022 End: December 29, 2022