Part 5

3.1K 378 51
                                    

ချယ်ဝန် နဲ့ ဂျွန်ယောင်းတွဲနေတာကို သိပြီးတည်းက ဖြစ်လောက်မည်။ Kim Taehyung က အရင်ကလို ပြန်ဖြစ်သွားခဲ့သည်။

ချယ်ဝန်က ဂျွန်ယောင်းနဲ့ တစ်ဝိုင်းထိုင်ကာ ကြည်နူးတတ်သည်မို့ ဒေါင့်ကျကျဝိုင်းမှာ ပြောင်းထိုင်၏။ 

ထမင်းစားချိန်. . မနေ့ကထိ အာရုံက ကျွန်တော်တို့ ဝိုင်းမှာ ရှိနေသေးသည့် Kim Taehyung . . 

အခုတော့ တစ်ချက်ကလေးတောင် မကြည့်ပါဘဲ ဟိုးအရင်ကလို ခပ်သုတ်သုတ်သာ စားပြီး အစောကြီး ထ သွားတတ်သည်။ 

စာသင်နေချိန်. . အနောက်ဘက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်တော့တာ. . တစ်ချိန်လုံး သူ့အနား အရိပ်ကလေးလို ဖြစ်နေတတ်သည်မို့ အပြောင်းအလဲ အသေးလေးတောင် သိနေမိသည်။

"Jungkook စားလေ. . "

ဂျယ်ရှင်း ပြောလာသည်မို့ ထမင်းကိုသာ စိတ်မပါဘဲ ပါးစပ်ထဲ ထိုးထည့်လိုက်ရသည်။ ရင်ထဲက ပူလောင်နေတဲ့ ဒီဝေဒနာ. . သိပ်ကို ခံစားရ ခက်ပါ၏။ 

"မကြာခင် နှစ်ဝက် စာမေးပွဲ ရှိတယ် "

အတန်းချိန် ပြန်စ သည်မို့ အတန်းထဲကို ဆရာက ဝင်လာလာချင်း ဆိုသည်။ 

ဆရာ့ စကားအဆုံး အတန်းထဲက လူတွေရဲ့ အသံပေါင်းစုံ ထွက်လာတော့သည်။ ကျွန်တော့် အာရုံကတော့ ရှေ့ဆုံးတန်းမှ စာအုပ်ကြားထဲ ခေါင်းစိုက်နေသည့် သူ့ ဆီမှာ. .

နှစ်ဝက်စာမေးပွဲ. . အမှတ်ကောင်းဖို့. . အဆင့်ကောင်းဖို့ . . အောင်ဖို့ 

ဘာတစ်ခုမှ ခေါင်းထဲ ဝင်မလာဘဲ သူ့ဆီက အာရုံစိုက်မှု ရနိုင်ဖို့ နည်းလမ်းကိုသာ စဉ်းစားနေမိသည်။ 

လူတစ်ယောက်ကို ချစ်နေမိတာ နည်းနည်းတော့ ဒုက္ခများပင်မယ့် ဒီခံစားကို သိပ် သဘောကျရပါသည်။ 

"Jungkook. . Jungkook "

အာရုံတစ်ခုလုံးက ပြန့်နေသည်မို့ ဂျယ်ရှင်း ခေါ်နေသည်ကို မကြားလိုက်တာ. .

"အော အော ပြောလေ "

အလန့်တကြားဖြင့် ဂျယ်ရှင်းကို ဖြေလိုက်မိသည်။

"ဒီနှစ်ဝက် စာမေးပွဲမှာမှ အမှတ်မကောင်းရင် အသတ်ခံရမှာကွ. . မင်း အမေ မုန့်ဖိုးဖြတ်မယ် ပြောထားသေးတယ် လေ "

A Letter To Him [Completed]Where stories live. Discover now