သူနဲ့ မတွေ့ဖြစ်တာ တစ်ပတ် ရှိခဲ့ပြီ။ ဂျယ်ရှင်းနဲ့ အတူ ရှိနေဖြစ်ခဲ့တာ
ဂျယ်ရှင်းနဲ့သာ တွဲသွားလိုက်တယ်။ Jungkook ဖုန်းတွေ လျစ်လျူရှုပစ်ထားလိုက်ကာ ကျွန်တော် တကယ် ဆုံးဖြတ်ချက်ချပြီးသား။
Jungkook က ကျွန်တော် စိတ်ကောက်နေသည် အထင်နှင့်
'ကိုကိုရဲ့ ရင်နှစ်သည်းခြာလေး ' ဆိုပြီးမနက်မိုးလင်းတိုင်း ဒီလိုလေး ခေါ်ကာ ညအိပ်ခါနီးတိုင်းလည်း ဒီလို ခေါ်ဝေါ်တတ်သည့် message ကို ပို့ထားပေးတတ်သည်။
ဒီနေ့ သူ ရောက်လာ၏။ သူ့ကားသံကို ကြားလိုက်ရသည်။
"မင်းတကယ် ဆုံးဖြတ်ပြီးတာလား ငါတို့ ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး "
ဂျယ်ရှင်းက ကျွန်တော့်ကို ကြည့်ကာ နားချနေပြန်သည်။
သူက ဒီတစ်ပတ်လုံး အဘိုးကြီးတစ်ယောက်လို နားပူနားဆာ သိပ်လုပ်နေခဲ့တာ"Jungkook ကို စွန့်လွှတ်နိုင်ဖို့ ကူညီပေးပါနော် ဒါက တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ဘက်ပဲ ကြည့်နေတာ ပင်မယ့် ငါ့ကို ကူညီပါ ဂျယ်ရှင်း "
ဂျယ်ရှင်း အင်္ကျီစတွေကို ဆွဲကာ တောင်းဆိုနေမိသည်။
"ကျစ် Kim Taehyung က ကွာ "
ဆံပင် ခဲရောင်တွေကို ဂျယ်ရှင်းက ထိုးဖွရင်း စိတ်ရှုပ်နေ၏။ ဒါက သူ့အတွက်လည်း သိပ်ကို ခက်ခဲနေလိမ့်မည်။
"မြန်မြန် သူ ဝင်လာတော့မယ် "
ဂျယ်ရှင်း လက်တွေကို ဆွဲလှုပ်ကာ ခပ်မြန်မြန်လေး ကူညီပေးဖို့ တောင်းဆိုနေမိသည်။
ဂျယ်ရှင်း သက်ပြင်းအရှည်ကြီး ချပြီး ကျွန်တော့်အနားကို တိုးကပ်လာသည်။
ခါးကို ဖက်တွယ်ထားလိုက်ပြီး မျက်နှာကို တဖြည်းဖြည်း ငုံ့ဆင်းလာ၏။
မျက်လုံးတွေကို စုံမှိတ်ထားလိုက်ကာ ကျွန်တော်က ဒီလိုလုပ်ဖို့ တောင်းဆိုပြီးမှ တုန်တုန်ရီရီရယ်. .
သူကလွဲရင် ဘယ်သူ့အနမ်းမှ ကျွန်တော် လက်ခံနိုင်စွမ်း မရှိပါဘူး။
ဂျယ်ရှင်းရဲ့ ရယ်သံ ခပ်တိုးတိုးလေးကို ကြားရ၏။
အနောက်ဘက်မှ ခြေသံ ခပ်ဖွဖွကလည်း တဖြည်းဖြည်း နီးကပ်လို့လာသည်။
YOU ARE READING
A Letter To Him [Completed]
FanfictionStart : October 16, 2022 End: December 29, 2022