Part 7

3K 356 34
                                    

အခုဆို ကျွန်တော်တို့ အဖွဲ့က ၅ ယောက်ပေါ့. .

နေ့တိုင်း ပြုံးရယ်နေမိတာ. . ကျောင်းသွားရတော့မယ်ဆို အလိုလို တက်ကြွနေမိတာ သူ ရောက်လာပြီးတည်းက ဖြစ်လောက်မည်။

"မြေး. . သပ်ရပ်နေပါရောလား. . ကောင်မလေး ရှိနေပြီ မဟုတ်လား . ."

ကျောင်းသွားဖို့ ပြင်ဆင်နေတုန်း အဘွားက ရောက်လာကာ ရွှတ်နောက်နောက် ပြောလာသည်။ ဒါကလည်း သူ ရောက်လာပြီးတည်းက အဘွား ‌မေးနေကျ မေးခွန်းပါဘဲ

"မဟုတ်ပါဘူး. . အတန်းခေါင်းဆောင်က စံပြ လေ. . အဲ့တော့ သပ်ရပ်နေဦးမှ အဆင်ပြေမှာပေါ့"

မရိုးနိုင်လွန်းသော ဆင်ခြေတွေ ပေးပြီး မနက်စာကို ခပ်သုတ်သုတ် စားလိုက်သည်။

ဒီရက်တွေထဲ အဖွဲ့ထဲမှာဆို အစောဆုံး‌ ကျောင်းကို ရောက်လာတတ်တာက ကျွန်တော်ပါဘဲ. .

စက်ဘီးကို သော့ခတ်ထားလိုက်ပြီး ရပ်စောင့်နေလိုက်သည်။ နာရီကို ကြည့်မိတော့ ၈ နာရီ ခွဲတော့မည်။

ဒီအချိန်ဆို နှလုံးသားက တဖြည်းဖြည်း လှုပ်ရှားသွားတာ. . စက်ဘီးတွေ ထားတဲ့နေရာကနေဘဲ ရပ်ကြည့်နေလိုက်သည်။

ကားအနက်လေး ဆိုက်လို့ စာအုပ်တွေ ပိုက်ရင်း ဆင်းလာသည့် သူ. . ရာသီဉတုက တဖြည်းဖြည်း အေးလာသည်မို့ ဆွယ်တာကလေးနဲ့ ဖြစ်သည်။

ဆောင်းဦးရောက်ပြီဆို ပတ်ဝန်းကျင်အနေအထားက သိပ်လှ၏။ မနှစ်ကတော့ သစ်ပင်တွေ၊ ပန်းကလေးတွေက သိပ်လှသည်လေ. .

အခုတော့ ဆွယ်တာကလေးနဲ့ တစ်ယောက်က ကျွန်တော့် အမြင်မှာ ပိုလှနေတော့၏။

"Jungkook. ."

ပုခုံးကို ပုတ်ကာ အနောက်ဘက်မှ ခေါ်သံကြောင့် အတွေးတွေ ပျောက်ရှကုန်ရသည်။

"ငါ့ကို နေ့တိုင်း မစောင့်ဘဲ အစောကြီး လာပြီး ဒီမှာ ဘာလုပ်နေတာလဲ. . "

ဂျယ်ရှင်းက မျက်ခုံးတွေ တွန့်ကာ တရားခံ စစ်သလို မေး‌နေတော့သည်။

"မင်းကို မစောင့်တာ မဟုတ်ပါဘူး. . စောစော ထွက်လာတာ မင်းက နောက်ကျနေတာကို"

"မဟုတ်သေးပါဘူး ငါ မလာခင်တုန်းက မင်း တစ်နေရာရာကို ကြည့်နေတာလေ. . ငါတို့ Jungkook လေး ဘာတွေ ဖြစ်နေလဲ"

A Letter To Him [Completed]Where stories live. Discover now