အဘွားရဲ့ ကြက်ကြော်ဆိုင်မှာ လူစုံနေ၏။ ကျောင်းပိတ်ရက်ဖြစ်တာမို့ ဒီနေရာမှာသာ တွေ့ကြဖို့ ချိန်းထားကြတာ ဖြစ်သည်။
"အဘွားရေ. . ကျေးဇူးတင်ပါတယ် "
ကြက်ကြော် တစ်ခြင်း လာချတုန်း ထွက်လာသည့် ချယ်ဝန့် စကားသံ. . တက်တက်ကြွကြွနဲ့ ကြက်ကြော်ကို လက်က ကိုင်ပြီးသား ပါဘဲ. .
"အား အား. . ပူ တယ် "
ချယ်ဝန်ရဲ့ ခပ်မြန်မြန် လှမ်းယူမှုကြောင့် အပူလောင်ရမှ အော်သံ အကျယ်ကြီး ထွက်လာတော့ သည်။
"ခဏ စောင့်မှပေါ့. . "
ဂျယ်ရှင်းနဲ့ ကျွန်တော်က ရယ်နေမိပင်မယ့် ဂျွန်ယောင်းက ကြက်ကြော်ကို ဖွပေးကာ အအေးခံပေးလာသည်မို့ ဂျယ်ရှင်းနဲ့ ကျွန်တော် ပြုံးစစ ဖြစ်မိသွားသည်။
ဒီရက်တွေထဲ သူတို့က တစ်မျိုးလိုလို ဖြစ်နေခဲ့သည် မဟုတ်လား. .
"ပြီးရင် ရုပ်ရှင်ရုံ သွားမယ်. . လက်မှတ် ဖြတ်ထားပြီးပြီ "
ကျွန်တော်တို့ ၄ ယောက်မှာဆို ဂျယ်ရှင်းက သူဌေးသားလေး ဖြစ်သည်။ အားလုံးက သာမာန် အစိုးရဝန်ထမ်း သားသမီးတွေ ပင်မယ့် သူကတော့ တစ်ဦးတည်းသော သူဌေးသားကလေး ပေါ့. .
"အဘွားရေ သူတို့နဲ့ ရုပ်ရှင်ရုံ သွားလိုက်ဦးမယ် "
ကြက်ကြော်ကို အလကား ကျွေးသည်မို့ ချယ်ဝန်က အဘွားကို သိပ်လှပါသည်ဟု ချီးကျူးသွားသေးသည်။
ပိတ်ရက် ဖြစ်တာမို့ ရုပ်ရှင်ရုံမှာက လူခပ်များများရယ်. . လက်မှတ်ကြိုဝယ်ထားလို့သာ တော် သေးပါသည်ပေါ့. .
"ဒါ ဟို တစ်ယောက် မဟုတ်လား. . သူက စာမကျက်ဘဲ ဒီကို လာတယ်ပေါ့ "
popcorn ဝယ်နေတုန်း ကြားလိုက်ရသည့် ဂျယ်ရှင်းစကားသံ. .
ဟိုတစ်ယောက်ပါဘဲ. . မြင်နေကျ ကျောင်းဝတ်စုံတွေလို ကျော့ရှင်းနေတာမျိုး မဟုတ်ဘဲ ရှပ်ကလေးရယ် ဒူးအထိ ဘောင်းဘီကလေးရယ်. . တကယ့်ကို ကလေးလေး လိုပါဘဲ. .
"မဟုတ်ဘူး. . ဒီနေရာက သူတို့ အဖေပိုင်တာလေ. . သူ့လို စာဂျပိုးက စာမကျက်ဘဲ ဒီမှာ အချိန်ဖြုန်းမလား ကိစ္စရှိလို့ နေမှာပေါ့ "
YOU ARE READING
A Letter To Him [Completed]
FanfictionStart : October 16, 2022 End: December 29, 2022