Part 10

2.9K 347 32
                                    

နွေရာသီ ပိတ်ရက်အရှည်ကြီး ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်ခဲ့သည်။ ဂျယ်ရှင်းကလည်း အင်္ဂလန်ဘက် ကျောင်းပြောင်းသွားခဲ့သည်မို့ အခုဆို ကျွန်တော်တို့ အဖွဲ့လေးက ၃ ယောက်သာ ကျန်တော့သည်။

ဒီနှစ်လည်း ထုံးစံအတိုင်း အတန်းခေါင်းဆောင်ပါဘဲ. .

ဒီတစ်နှစ်တော့ အထွေအထူး သိပ်ပြီး ပျော်ရွှင်မနေခဲ့ပါဘူး. . Kim Taehyung ကလည်း ကျောင်းပြောင်းသွားမည်မို့ ကျွန်တော့် နှလုံးသား အရင်လို အေးစက်နေတော့မည်။

စက်ဘီးကို သော့ခတ်ထားလိုက်ကာ ကျောင်းဆောင်ဘက်ကို ထွက်ခဲ့လိုက်သည်။

"Jungkook.. ကန်တင်းဘက် သွားမလား. ."

ဂျွန်ယောင်း ခေါ်ရာနောက်သာ လိုက်ခဲ့လိုက်သည်။ ချယ်ဝန်ရယ် ဂျွန်ယောင်းရယ်ကတော့ အခုထိကို လက်တွဲထားတုန်းပါဘဲ. .

"အတန်းထဲ သွားရအောင်"

အတန်းစတော့မည်မို့ ထွက်လာခဲ့လိုက်သည်။

အထက်တန်းနောက်ဆုံးနှစ် တန်းခွဲ A . .

သိပ် အတော်ကြီး မဟုတ်ပင်မယ့် ဒီတစ်နှစ်လည်း အတော်ဆုံးလူတွေအတွက် သီးသန့်အခန်းကို တက်ခွင့်ရခဲ့သည်။

ဂျွန်ယောင်းနဲ့ ချယ်ဝန်က တန်းခွဲ B ကို ရောက်သွားခဲ့သည်။

ဒုတိယမြောက် အတန်းက လွတ်နေသည့် ခုံမှာ ဝင်ထိုင်လိုက်သည်။ ဂျယ်ရှင်းလည်း မရှိတော့သည်မို့ ကျွန်တော်က လုံးဝကို ငြိမ်ကုပ်နေမိသည်။

အတန်း အသစ်၊ လူ အသစ်တွေနဲ့ အတော်လေးကို ခပ်စိမ်းစိမ်း ဖြစ်နေမိသည်။

ဆရာ ရောက်မလာသေးသည်မို့ ထိုင်ခုံကနေသာ ပြတင်းပေါက်ဘက်က ကျောင်းအပြင်ကို လှမ်းကြည့်နေမိသည်။

ပထမဆုံး ကျောင်းတက်ရက်က သိပ်ကို တကယ် ပျင်းစရာကို ဖြစ်လို့ ပါ။

"သူလည်း ဒီမှာဘဲလား. . ငါက သူမရှိလို့ ပထမ ရပြီ တွက်ထားတာ. . "

ဆိုအာရဲ့ အသံ ခပ်ဆူဆူကို ကြားလိုက်ရသည်မို့ လှမ်းကြည့်လိုက်မိသည်။

ကျောပိုးအိတ်ကို လွယ်ကာ ခပ်တင်းတင်း မျက်နှာထားနဲ့ ဝင်လာသည့် Kim Taehyung. .

A Letter To Him [Completed]Where stories live. Discover now