Part 16

2.4K 317 20
                                    

တဖြည်းဖြည်း အချိန် နီးကပ်လာလေ စိတ်လှုပ်ရှားလေ ဖြစ်သည်။ luggage ကို ဆွဲကာ crochet hat အညိုကလေးရယ်၊ အညိုရောင် ကုတ်ကလေးနဲ့ အိတ်အညိုကလေးလည်း လွယ်ထားသေးသည်။ 

ကျွန်တော့်ကို တွေ့သည်နှင့် အကြီးကြီး ပြုံးကာ ပြေးလာ၏။ လက်တွေကို ဆန့်ထားလိုက်ကာ ရင်ခွင်ကျယ်ကြီးထဲကို ဝင်လာစေလိုက်သည်။ 

အကြာကြီး ဒီရင်ခွင်က လစ်ဟင်းနေတော့ အခုမှ နွေးထွေးမှုကို ပြန်ပြီး ခံစားမိလာရသည်။ 

ခပ်ရဲရဲ ပါးပြင်လေးကို နစ်ဝင်သည်အထိ နမ်းရှုံ့ပြီးမှ တင်းတင်းလေး ဖက်ထားလိုက်မိသည်။ 

လူတွေက ကွက်ကြည့်ကွက်ကြည့်ဖြင့် အထူးအဆန်းကို လုပ်လို့ပါဘဲ. . ဒီခံစားကို ချစ်သူနဲ့ ‌ဝေးကွာတော့မှ နားလည်နိုင်မည် ထင်ပါရဲ့. .

"လွမ်းနေခဲ့တာ. . အများကြီး သတိရနေခဲ့တာ. ."

လက်ကလေးကို ကိုင်ကာ ကြင်ကြင်နာနာ ပြောမိတော့ နှုတ်ခမ်းပေါ်ကို တစ်ချက် နမ်းလာ၏။ 

"airport မှာကို နှုတ်ခမ်းတွေ ‌ပေါက်ပြဲချင်ပြီ ထင်ပါရဲ့ Taehyung လေးက. . "

crochet hat ကို ချွတ်လိုက်ပြီး ဆံပင်အညိုလေးတွေကို ဖွပေးနေလိုက်သည်။ 

 "ဘယ်ကို ပို့ပေးရမလဲ. . မင်း အိမ်ကိုပဲလား. . "

ကားမောင်းနေရင်း ဘေးက သူ့ကို မေးလိုက်မိသည်။ 

"မဟုတ်ဘူး. . ဆေးရုံကို. . ငါ တွေ့စရာ လူရှိသေးတယ်. ."

သူ ပြောသည့် ဆေးရုံကို ရောက်လာခဲ့သည်။ reception မှာ room no. မေးရင်း ၁၀ ထပ်မြောက်ကို ရောက်လာခဲ့သည်။ 

VVIP room မို့ အခန်းတစ်ခုလုံးက ရှင်းလင်း တောက်ပနေ၏။ ကုတင်ပေါ်မှာ မျက်လုံးတွေ မှိတ်ကျနေသည့် လွှတ်တော်အမတ်ဟောင်း ကင်မ်. .

တစ်ချက်ကလေး အံ့ဩသွားရပြီး သူ့ကို လှမ်းကြည့်လိုက်မိတော့ 

ဒီအတိုင်း ငြိမ်ငြိမ်ကလေး သူတို့ အဖေကို စိုက်ကြည့်နေခဲ့တာ. .

၁၀ နှစ်ကြာမှ ရုတ်တရက်ကြီး ဒီကို ပြန်လာရသည့် အကြောင်းအရင်း. . ဒါက သူ့အဖေ ဆေးရုံမှာ ဖြစ်နေလို့

A Letter To Him [Completed]Where stories live. Discover now