Part 17

2.2K 278 33
                                    

ဂျယ်ရှင်းနဲ့ ပြန်တွေ့ရတာရော၊ Taehyung လည်း ပြန်ရောက်လာတာရောကြောင့် တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြသည်။

ဂျွန်ယောင်းရယ်၊ ချယ်ဝန်ရယ်က အစိုးရ ဝန်ထမ်းတွေမို့ အလုပ်ဆင်းချိန်က ကိစ္စမရှိပင်မယ့် ကျွန်တော်ကတော့ company ဝန်ထမ်းမို့ နည်းနည်း နောက်ကျမှသာ အလုပ်ဆင်းရသည်။

နေရာက ဂျယ်ရှင်း ခြံထဲမှာမို့ လူက စုံနေပြီဖြစ်သည်။

လူ ၅ ယောက်စာကို ဂျယ်ရှင်းက သေချာလေး ပြင်ဆင်ထားပေးသည်။

အရင်အကြောင်းတွေရယ်၊ လက်ရှိ အခြေအနေတွေကို ဖလှယ်ကြရင်း ၃၀ ကျော် ကျွန်တော်တို့က ဆယ်ကျော်သက်ဘဝကို ပြန်ပြီး လွမ်းဆွေးနေမိသေးသည်။

"ငါတို့ မကြာခင် လက်ထပ်တော့မယ်. . "

ဂျွန်ယောင်းက‌ ချယ်ဝန်လက်ကို တွဲကာ ထ ပြော၏။ အပြုံး အကြီးကြီး‌တွေက အားကျစရာ ဖြစ်လို့နေသည်။

ဂျွန်ယောင်းတို့ လက်ထပ်ပွဲကြောင့် လူတိုင်းတော့ အံ့ဩမိသွားရသည်။ ရုတ်တရက်ကြီး ဒီဘက်ကို ရောက်လာသည်မို့ ခဏတာ အံ့ဩမိသွားသည်။

"နင်တို့ရော. ."

ချယ်ဝန်က ဘေးချင်းယှဉ်ထိုင်နေသည့် ကျွန်‌တော်တို့ကို လှမ်းမေးသည်။

"မကြာခင်ပေါ့. ."

သူ့ အဖြေကြောင့် လက်ကလေးကိုင်ကာ ပြုံးနေလိုက်မိသည်။ မကြာခင်. . အဲ့အချိန်ကို စောင့်နေခဲ့ရတာ အတော် ကြာခဲ့ပြီလေ. .

"ဆိုပါဦး. . တိတ်ဆိတ်နေလိုက်တာ. . မင်း‌ရော ဘယ်လိုလဲ ဂျယ်ရှင်း. ."

လူတိုင်းရဲ့ အာရုံက ဂျယ်ရှင်းဆီမှာ. . ဂျယ်ရှင်းက စားပွဲခုံကိုသာ ငုံ့ကြည့်ရင်း ဖြေသည်။

"အချစ်ဦးကို ဒီတိုင်း ထိုင် ငေးနေတုန်း. . "

ဒီစကား. .

ဒီစကားကြောင့် ဂျယ်ရှင်းရဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ကျွန်တော်‌နဲ့ ဂျွန်ယောင်း စဉ်းစားရခက်နေ၏။

တကယ်ဆို ဂျယ်ရှင်းက ‌ဒီလိုကိစ္စတွေနဲ့ အဝေးဆုံးမှာ. . တစ်ခါမှတောင် မိန်းကလေး လှလှလေးကို ငေးဖူးသည်မဟုတ်. .

A Letter To Him [Completed]Where stories live. Discover now