ကျွန်တော်ရောက်လာတော့ ပွဲစနေပြီ ဖြစ်သည်။
လွတ်နေတဲ့ ဂျယ်ရှင်းဘေးက နေရာမှာ သူ ဝင်ထိုင်လိုက်သည်မို့ ဂျယ်ရှင်းက ထ ပြောလာသည်။
"ဒါက Jungkook နေရာ "
ဟိုတစ်ယောက်က ကျွန်တော့်ကို ပေကပ်ကပ်နဲ့ လှည့်ကြည့်လာသည်။
"ရတယ် "
ကျွန်တော့်နေရာမှာ ထိုင်ခိုင်းလိုက်ပြီး သူ့ဘေးမှာ ထိုင်လိုက်မိသည်။
တစ်ဘက်ကျောင်းနဲ့အပြိုင် အားပေးသံတွေက ဆူညံနေသလောက် သူကတော့ တိတ်ဆိတ်နေတာ. .
နားကြပ်ကလေးတပ်ရင်း သီချင်းလေးတောင် ညည်းနေသေး၏။
"ငါ မင်းပြောလို့ လိုက်လာတာဘဲလေ "
အားမပေးဘဲ လုပ်သူကို ကြည့်နေမိတော့ မျက်နှာသေနဲ့ ထွက်လာသည့် စကားရယ်. . ကတယ်ကို ဆူအောင့်အောင့်ပါဘဲ
ပြီးခါနီးမို့ အကျိတ်အနယ် ဖြစ်နေကြသည်။ ရုတ်တရက်မှာ ကျွန်တော်တို့ဘက်ကို ရောက်လာသည့် basketball . .
မျက်လုံးတွေ ပြူးကျယ်ကုန်ကာ အလန့်တကြားနဲ့ သူ့ရှေ့ကို တိုးကပ်သွားမိသည်။ အနီးကပ် မြင်နေရသည့် မျက်မှန်ေအာက်က သူ့ မျက်ဝန်းတွေ. . ဝိုင်းစက်နေကာ အထိတ်တလန့် ဖြစ်နေ၏။
ကျောကို လာရိုက်မိသည့် basketball ကြောင့် ကျောက အောင့်ခနဲ. . ကွင်းနဲ့ အနီးကပ်ဖြစ်နေသည်ကြောင့် ပိုပြီး ခံရ ဆိုးသည်။
ခမ်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံးက အာရုံစိုက်ကုန်ကြသည်။
"အတန်းခေါင်းဆောင် Jeon. ."
ခေါ်နေသံက အစ သူစိမ်းဆန်နေသေးသည်။
"အဆင်ပြေရဲ့လား. . ကျောင်းဆေးခန်း သွားရမယ် ထင်တယ်"
ပုခုံးကို လှုပ်ကိုင်ကာ စိုးရိမ်တကြီး ဖြစ်နေသူကြောင့် ဂျယ်ရှင်းနဲ့ ကစားသမားတွေ ရန်ဖြစ်သံက နားထဲ မဝင်နိုင်တော့. .
"အခုလို လုပ်တာက မင်း အာရုံစိုက်တာ ခံချင်လို့ မဟုတ်ဘူးနော်"
ကျောင်းဆေးပေးခန်းမှာ ဆရာ ဆေးစည်းပေးတာကို ခံယူပြီး ပြန်ထွက်လာတော့ ကော်ရီတာ တစ်လျှောက်မှာ ပြောမိသည့် ပထမဦးဆုံးသော စကား. .
YOU ARE READING
A Letter To Him [Completed]
FanfictionStart : October 16, 2022 End: December 29, 2022